စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရန် ထောင်ထားသည့်မိုင်းအား လာရောက်ဖြုတ်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦး မိုင်းခွဲခံရ၍ သေဆုံးခဲ့ကြောင်း နတ်တောင်နဂါး (ပ.က.ဖ)ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေ ၃နာရီခွဲခန့်ကဝက်လက်မြို့နယ်အရှေ့ပိုင်း သရိုင်-မင်းကုန်းအထွက်လမ်းတွင် ဝက်လက်မြို့မှ ပျူစောထီးခေါင်းဆောင် ဖိုးခိုင်ဆိုသူသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသော မိုင်းအား လာဖြုတ်စဉ် အဝေးထိန်း စနစ်ဖြင့် ဖေါက်ခွဲ၍ ခုခံတိုက်ခိုက်ခဲ့ရာ ဖိုးခိုင်ဆိုသူ သေဆုံးခဲ့ကြောင်း နတ်တောင်နဂါး (ပ.က.ဖ)ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါဖောက်ခွဲမှုအား နတ်တောင်နဂါး(ပ.က.ဖ)ပျောက်ကြားတပ်ဖွဲ့နှင့် ဝက်လက်မြို့နယ် (တပ်ရင်း .၁၅)၊ GHOST RIDER Special Task Force BURMA အဖွဲ့မှ ရဲဘော်များ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နတ်တောင်နဂါး (ပ.က.ဖ)ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ အလိုကျ စစ်တပ်နှင့်ပူးပေါင်းပြီး စစ်တပ်ခိုင်းသမျှ လုပ်ဆောင်ပေးနေသော ဒလန်နှင့် ပျူများအား ရပ်တန်းကရပ်ကာ ပြည်သူနှင့်ပူးပေါင်းရန်၊ ပြည်သူနှင့်မပူးပေါင်းဘဲ စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်နေပါက ဖိုးခိုင်သွားရာလမ်းအတိုင်း ပို့ဆောင်ပေးမည်ဟု နတ်တောင်နဂါး (ပ.က.ဖ)ပျောက်ကြားတပ်ဖွဲ့မှ ဗိုလ်စနေက သတိပေးသည်။

Public Service Announcement
ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြပြီး အလယ်ပိုင်းရှိ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များအား မိုင်းခွဲကာ မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။


















































