မန္တလေးတိုင်း၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကာစီနိုလောင်းကစားရုံအား မိုင်းခွဲခဲ့ကြောင်း Trayli Karli Attacking & Production အဖွဲ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်း၊ ၁၃၃လမ်းနှင့် ၁၃၄ လမ်းကြားရှိ အေးမေတ္တာ ကာစီနိုလောင်းကစားရုံအား မိုင်း၂ လုံးဖောက်ခွဲခဲ့ကြောင်း Trayli Karli Attacking & Production အဖွဲ့က အသိပေးသည်။
“စက်မှုက ငါးဂိမ်း ကာစီနို ဂိမ်းဆိုင်ဗုံးခွဲခံရတာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။အခြားမန္တလေးမြို့ခံတစ်ဦးကလည်း “အဲဒီဆိုင်တွေကအခုဆိုလူမရှိတော့ဘူး။ တအားစားလို့(ကစားသူများ ငွေကြေးဆုံးရှုံးမှုများခြင်း )။ အခုဆိုသူတို့ကလည်သွားပြီ။ ဟိုတယ်တွေမှာ ပြောင်းဖွင့်နေတယ်။”ဟု ပြောသည်။
အဖွဲ့ကထုတ်ပြန်သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် လောင်ကစားရုံဟုယူဆရသောအဆောက်အအုံအတွင်းဗုံးတစ်ကြိမ်ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Trayli Karli Attacking & Production အဖွဲ့ထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

Public Service Announcement
ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။ယခင်ကစစ်ဆင်ရေးအများစုကို စစ်ကိုင်းတိုင်းတွင်ပြုလုပ်ခဲ့သည်ကိုသတင်းထုတ်ပြန်ချက်များအရသိရသည်။
ပေါက်ကွဲကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူမသိရသေးပေ။
အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများ နိုင်ငံရေးဘက်အာရုံမရောက်စေရန် ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများတွင် လောင်းကစားဝိုင်းများ၊ KTVနိုက်ကလပ်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ အနှိပ်ခန်းများအား လိုင်းကြေးယူကာ ပေါ်ပေါ်တင်တင်ခွင့်ပြုထားသည်။
