Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး၊ လက်နက်များသိမ်းဆည်းရမိဟု ကိုးကန့်အဖွဲ့ထုတ်ပြန်

“ကွတ်ခိုင်မှာဖြစ်ရင်တော့ အများစုက သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့။ AAရယ် TNLAရယ် ကိုးကန့်ရယ် ပေါင်းပြီး လှုပ်ရှားတဲ့ပုံစံမျိုး။ မုံးကိုးဘက်မှာတော့ သပ်သပ်မဲ့ တိုက်ပွဲဖော်တာတော့ မဟုတ်လောက်ဘူး။ တပ်မတော်က စစ်ကြောင်းထိုးလာလို့ သူတို့ တိုက်တဲ့တိုက်ပွဲတွေဖြစ်မယ်”

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ ဖြစ်ပွားခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAAက တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည်ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၂ရက်က မုံးကိုးဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း၊ ကိုးကန့်တပ်ဖွဲ့မှလည်း တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“သူတို့လက်နက်တွေရတဲ့ ပုံစံအရတော့ တပ်ကတော့ ထိခိုက်မှုရှိမယ်ထင်တယ်” ဟု ဒေသခံက ပြောသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့အနေဖြင့် မုံးကိုးဒေသတွင်သာမက ကွတ်ခိုင်မြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“ကွတ်ခိုင်မှာဖြစ်ရင်တော့ အများစုက သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့။ AAရယ် TNLAရယ် ကိုးကန့်ရယ် ပေါင်းပြီး လှုပ်ရှားတဲ့ပုံစံမျိုး။ မုံးကိုးဘက်မှာတော့ သပ်သပ်မဲ့ တိုက်ပွဲဖော်တာတော့ မဟုတ်လောက်ဘူး။ တပ်မတော်က စစ်ကြောင်းထိုးလာလို့ သူတို့ တိုက်တဲ့တိုက်ပွဲတွေဖြစ်မယ်” ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ကိုးကန့်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာနယ်မြေ မုံးကိုးဒေသ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)လည်းလှုပ်ရှားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။