Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး၊ လက်နက်များသိမ်းဆည်းရမိဟု ကိုးကန့်အဖွဲ့ထုတ်ပြန်

“ကွတ်ခိုင်မှာဖြစ်ရင်တော့ အများစုက သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့။ AAရယ် TNLAရယ် ကိုးကန့်ရယ် ပေါင်းပြီး လှုပ်ရှားတဲ့ပုံစံမျိုး။ မုံးကိုးဘက်မှာတော့ သပ်သပ်မဲ့ တိုက်ပွဲဖော်တာတော့ မဟုတ်လောက်ဘူး။ တပ်မတော်က စစ်ကြောင်းထိုးလာလို့ သူတို့ တိုက်တဲ့တိုက်ပွဲတွေဖြစ်မယ်”

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ ဖြစ်ပွားခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAAက တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည်ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၂ရက်က မုံးကိုးဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း၊ ကိုးကန့်တပ်ဖွဲ့မှလည်း တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“သူတို့လက်နက်တွေရတဲ့ ပုံစံအရတော့ တပ်ကတော့ ထိခိုက်မှုရှိမယ်ထင်တယ်” ဟု ဒေသခံက ပြောသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့အနေဖြင့် မုံးကိုးဒေသတွင်သာမက ကွတ်ခိုင်မြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“ကွတ်ခိုင်မှာဖြစ်ရင်တော့ အများစုက သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့။ AAရယ် TNLAရယ် ကိုးကန့်ရယ် ပေါင်းပြီး လှုပ်ရှားတဲ့ပုံစံမျိုး။ မုံးကိုးဘက်မှာတော့ သပ်သပ်မဲ့ တိုက်ပွဲဖော်တာတော့ မဟုတ်လောက်ဘူး။ တပ်မတော်က စစ်ကြောင်းထိုးလာလို့ သူတို့ တိုက်တဲ့တိုက်ပွဲတွေဖြစ်မယ်” ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ကိုးကန့်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာနယ်မြေ မုံးကိုးဒေသ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)လည်းလှုပ်ရှားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။