Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ် မြင်သားရွာအုပ်စုတွင် ဒေသခံများ စစ်ရှောင်သည့်နေရာအား စစ်ကောင်စီတပ် ဝင်စီး၍ ထပ်မံ တိမ်းရှောင်​နေရ

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါနယ် အပါအဝင် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီအပါအဝင် ဒေသခံ ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေပြီး ရွာလုံးကျွတ် မီးရှို့ခြင်းအပါအဝင် ပြည်သူလူထု နေအိမ် များ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်။

(ယခုမတ်လဆန်းက ဂန့်ဂေါမြို့နယ် မြင်သားကုန်းရွာကို စစ်ကောင်စီတပ်မီးရှို့ခဲ့စဉ်၊ ဓာတ်ပုံ - ပေးပို့)

▪️စစ်ရှောင်များ ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေပြီး လူဦးရေ ထောင်ချီနေထိုင်သည့် တဲများကို စစ်ကောင်စီတပ် မီးရှို့နေဟု ဒေသခံပြော

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအုပ်စုတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေသည့် နေရာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ တိမ်းရှောင်နေရသည့် ​ဒေသခံပြည်သူထောင်နှင့်ချီ၍ ထပ်မံထွက်ပြေးနေကြရကြောင်း မြင်သားရွာခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၇၀ခန့်သည် ယမန်နေ့က မြင်သားရွာအုပ်စုသို့ ဝင်ရောက်လာပြီး ယနေ့တွင် အင်အား ၁၀၀ခန့် ထပ်မံဝင်ရောက်လာကြောင်း၊ ဒေသခံများတိမ်းရှောင်ရာတဲများကို ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက် မီးရှို့နေကြောင်း ဒေသခံက ပြောသည်။

“စစ်သားတွေ ဖောကားလေးစီးနဲ့ ဝင်လာပြီးတော့ စစ်ဘေးရှောင်တဲတွေကို မီးရှို့နေပြီ။ မနေ့ကလည်း ရှို့တယ်။ လူတွေလည်းသက်တယ်။ ဓားစားခံအဖြစ်ဖမ်းဆီးခံရတာလည်း ရှိတယ်။ လူ ၂၀လောက် အဆက်အသွယ် မရသေးဘူးလို့လည်း သတင်းရတယ်။ တော်တော်ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေတယ်။ မနေ့ကကတည်းက။ စစ်ဘေးရှောင်တဲကနေ အခြားလွတ်ကင်းလောက်မယ့် နေရာတွေကို ရောက်နေကြတယ်”ဟု မြင်သားရွာသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ စက်တင်ဘာ ၉ရက်က မြင်သားရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ ဒေသခံ ၂၀ ခန့်အသက်ဆုံးရှုံးခဲ့ပြီး နေအိမ်အများအပြား မီးရှို့ခံခဲ့ရသည်။ ထို့ပြင် ယခုနှစ်တွင်လည်း စစ်ကောင်စီတပ်က မြင်သားကျေးရွာအုပ်စုရှိ မြင်သားကုန်းရွာရှိ နေအိမ် ၄၀ ခန့်ကိုလည်း ထပ်မံမီးရှို့ပြီး ပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ အခြေအနေများကြောင့် မြင်သားကျေးရွာအုပ်စုရှိ မြင်သား ၊ မြင်သားကုန်းရွာ၊ မြင်သားအလယ်ရွာ၊ မြင်သားရွာမ စသည့် ရွာလေးရွာမှ လူဦးရေ ၈၀၀၀ ခန့်သည် စစ်ကောင်စီတပ်ရန်ကြောင့် တောထဲ၌ တိမ်းရှောင်ရန် တဲများပြုလုပ်ကာ စစ်ကောင်စီတပ်များ ဝင်လာပါက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“ရှောင်နေတဲ့နေရာကို လိုက်လာပြီးတော့ မီးရှို့တယ် လူသတ်တယ် ဓားစားခံ ဖမ်းထားတယ်။ တချို့က ပိတ်မိပြီးတော့ အဆက်အသွယ်မရတဲ့ သူတွေရှိသေးတယ်။ ထမင်းလည်း မစား ရေမသောက်ရဘဲ နေရတဲ့ သူတွေလည်း ရှိတယ်လို့ ကြားတယ်။ သတင်းအမျိုးမျိုးကြားနေရတာပေါ့။ အဆက်အသွယ် မရဘူးဆိုတော့ ပစ်သတ်ခံရပြီကြားလိုက် သူတို့ ရှင်နေသေးတယ် ကြားလိုက် တော်တော်ကြီး ဆိုးရွားတဲ့ အခြေအနေပါ။ ရွာက သီးနှံတွေကိုလည်း မီးရှို့ဖျက်ဆီးတယ်လို့ ကြားနေရတယ်”ဟု မြင်သားရွာခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒေသခံများ ထပ်မံတိမ်းရှောင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါနယ် အပါအဝင် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီအပါအဝင် ဒေသခံ ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေပြီး ရွာလုံးကျွတ် မီးရှို့ခြင်းအပါအဝင် ပြည်သူလူထု နေအိမ် များ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။