Connect with us

Hi, what are you looking for?

News

မြောင်ထွေအုပ်ရုံးအား မဟာမိတ်ညီနောင်သုံးဖွဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟု ဆို

မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိခိုက်သေဆုံးပျက်စီးမှုရှိသည်ကို သိရှိရသော်လည်း တိုက်ခိုက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာလာခဲ့သောကြောင့် စကစသေဆုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်းခရိုင်၊ တပ်ရင်း(၁) မှ ဗိုလ်ယက္ခက အသိပေးသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား မဟာမိတ်ညီနောင်သုံးဖွဲ့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၁)ကထုတ်ပြန်သည်။

စစ်ကိုင်းခရိုင် တပ်ရင်း(၁) အရန်တပ်ခွဲ(၁) နှင့် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်ညီနောင်သုံးဖွဲ့ပူးပေါင်းကာ ယနေ့မတ်လ ၂၁ ရက် ည ၇နာရီ၁၅မိနစ်ဝန်းကျင်က မြောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်မှုပြုလုပ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ယက္ခက သတင်းထုတ်ပြန်သည်။

မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိခိုက်သေဆုံးပျက်စီးမှုရှိသည်ကို သိရှိရသော်လည်း တိုက်ခိုက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာလာခဲ့သောကြောင့် စကစသေဆုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်းခရိုင်၊ တပ်ရင်း(၁) မှ ဗိုလ်ယက္ခက အသိပေးသည်။

မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)သည် မတ်လ ၁၇ရက်ကလည်း မြင်းမူမြို့နယ်၊ ဝမ့်ပြည့်ကျေးရွာ နှင့် အလ္လကပ္ပကျေးရွာကြားလက်နက် အပြည့်စုံနှင့် အရပ်ဝတ် စစ်ကောင်စီတပ်သား ၁၀ဦးခန့် လာရောက် မိုင်းရှင်းလင်းရေး ပြုလုပ်စဥ် Knight Commanders( MMU) နှင့်အတူ နှစ်ဖွဲ့ပူးပေါင်းမိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံးခုနစ်ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook