Connect with us

Hi, what are you looking for?

News

မုန်တိုင်းဟာ သံတွဲမြို့နားကနေ ကုန်းတွင်း ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာန ခန့်မှန်း

ကပ္ပလီ ပင်လယ်ထဲမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုအဖြစ် အစပြုခဲ့တဲ့ အဆာနီဟာ ရက်ပိုင်းအတွင်း ပိုမို အားကောင်းလာပြီး ဆိုင်ကလုန်း အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအလိုက် အလှည့်ကျ နာမည်ပေးတဲ့ စနစ်အရ ဒီဆိုင်ကလုန်းကို သီရိလင်္ကာက အဆိုပြုတဲ့ အဆနီဆိုတဲ့ နာမည် မှည့်ခေါ်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း အဆနီဟာ သံတွဲမြို့နားကနေ ကုန်းတွင်းဝင်ရောက် တိုက်ခတ်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။

အခုနှစ်အတွက် ဘင်္ဂလား ပင်လယ်အော်ထဲမှာ ပထမဆုံး ဖြစ်ပေါ်လာတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ဖက် ကမ်းလွန်မှာ မြောက်ဖက်ကို တဖြည်းဖြည်း ဆက်လက် ရွေ့လျားနေပါတယ်။ အိန္ဒိယ မိုးလေဝသ ဌာနက မုန်တိုင်းဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ထဲက တစ်နိုင်ငံကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ်လို့ အစောပိုင်းက ခန့်မှန်းထားပေမယ့် လက်ရှိ မုန်တိုင်းရဲ့ လမ်းကြောင်းအရ ရခိုင်ပြည်နယ်က ဆိပ်ကမ်းမြို့ဖြစ်တဲ့ သံတွဲနားကို ဦးတည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကပ္ပလီ ပင်လယ်ထဲမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုအဖြစ် အစပြုခဲ့တဲ့ အဆာနီဟာ ရက်ပိုင်းအတွင်း ပိုမို အားကောင်းလာပြီး ဆိုင်ကလုန်း အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအလိုက် အလှည့်ကျ နာမည်ပေးတဲ့ စနစ်အရ ဒီဆိုင်ကလုန်းကို သီရိလင်္ကာက အဆိုပြုတဲ့ အဆနီဆိုတဲ့ နာမည် မှည့်ခေါ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ကပ္ပလီ ပင်လယ်ထဲက ကျွန်းတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းတာ၊ လျှပ်စီးလက်ပြီး မိုးခြိမ်းတာတွေ ကြုံခဲ့ပါတယ်။ NUG အစိုးရရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ မုန်တိုင်းဟာ မတ်လ ၂၂ ရက်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ဟိုင်းကြီးကျွန်းနားကနေ ကုန်းတွင်း ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်တို့မှာ မုန်တိုင်းဒီရေ ၈ ပေကနေ ၁၀ ပေလောက်ထိ မြင့်တက်နိုင်ပြီး ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာကို ယာယီ ရှောင်တိမ်းကြဖို့ ဆော်ဩထားပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၆၅ ကီလိုမီတာနဲ့ ၇၅ ကီလိုမီတာကြားလောက်ထိ ပြင်းထန်နိုင်ပြီး မြန်မာနိုင်ငံက ဒေသတချို့မှာ မိုးဆက်တိုက် ရွာသွန်းနေပါတယ်။ ဘင်္ဂလား ပင်လယ်အော် အရှေ့ပိုင်းက ပင်လယ်ပြင်မှာလည်း လှိုင်းထန်နေပါတယ်။

NUG အစိုးရက မုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး ရန်ကုန်တိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြေနိမ့်ပိုင်း ဧရိယာတွေမှာ ရုတ်တရက် ရေလျှံတာမျိုး ဖြစ်နိုင်တာကြောင့် သတိပြု ကြိုတင် ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ