Connect with us

Hi, what are you looking for?

News

ရဟတ်ယာဥ်ပျက်ကျမှုဖြစ်စဥ် ဒဏ်ရာရရှိသူတွင် ဟားခါးတက္ကသိုလ် ဒုပါ​မောက္ခချုပ်ပါဝင်

ဒေါက်တာဇော်မင်းသိန်းသည် ကျောက်ဆည် တက္ကသိုလ် ဘူမိဒေဒဌာန ပါမောက္ခတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီက ဟားခါးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ်ရာထူးတိုးပေးခံရခြင်း ဖြစ်သည်။

(ယမန်​​နေ့က ပျက်ကျသည့် ရဟတ်ယာဥ် ပျက်စီးမှု အစိတ်အပိုင်းများအား ​တွေ့ရစဥ်)

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ယမန်နေ့က ရဟတ်ယာဥ်ပျက်ကျသည့် ဖြစ်စဥ်၌ ဒဏ်ရာရသူစာရင်း​တွင် Non CDM ငါးဦးအနက် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ပါဝင်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ လိုက်ပါလာသည့် ရဟတ်ယာဥ်တစ်စင်းသည် ဟားခါးမြို့တွင်မတ်လ ၂၉ရက် နံနက်က ပျက်ကျခဲ့ခြင်း​ဖြစ်သည်။

ယင်းဖြစ်စဥ်တွင် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်မင်းသိန်း ပါဝင်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

“ရဟတ်ယာဥ်ပျက်ကျတာမှာ ဟားခါးတက္ကသိုလ်ကဒုတိယပါချုပ်ပါသွားတယ်လို့ ကြားတယ်”ဟု ဒေါက်တာဇော်မင်းသိန်း၏ မိတ်ဆွေ ပညာရေးဝန်ထမ်းတစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်မင်းသိန်းသည် ကျောက်ဆည် တက္ကသိုလ် ဘူမိဒေဒဌာန ပါမောက္ခတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီက ဟားခါးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ်ရာထူးတိုးပေးခံရခြင်း ဖြစ်သည်။

ဒေါက်တာဇော်မင်းသိန်းနှင့်အတူ အလုပ်အတူတူလက်တွဲလုပ်ကိုင်ဖူးသည့် ဘူမိဗေဒပညာရှင်တစ်ဦးက” သူ့ခြေထောက်ထိသွားတယ်။ ဒဏ်ရာရသွားတယ်”ဟု People’s Springသို့​ ပြောသည်။

ရဟတ်ယာဉ် ပျက်ကျမှုတွင် အရပ်ဘက်ဝန်ထမ်းသုံးဦးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် ရဟတ်ယာဥ်သည် မြေပြင်အထက် မီတာ ၂၀ ( ၆၅ပေခန့်)အကွာမှ ပျက်ကျသည့်ဖြစ်စဥ်ကို လေထုမတည်မငြိမ်မှုကြောင့် ပျက်ကျခြင်းဟု စစ်ကောင်စီက အကြောင်းပြထားသည်။

(ယမန်​​နေ့က ပျက်ကျသည့် ရဟတ်ယာဥ် ပျက်စီးမှု အစိတ်အပိုင်းများအား ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ရဟတ်ယာဉ် တစ်စီးကို ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေက မှားယွင်းပစ်ချမိပြီး အမှုထမ်းတွေ အားလုံး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်နှစ်စီး တိုက်မိရာက လေယာဉ်မှူးတွေ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။