Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ရဟတ်ယာဉ်နှစ်စီး ပျံသန်းနေရင်း တိုက်မိပြီး လေယာဉ်မှူးတွေ သေဆုံး

အမေရိကန်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်နှစ်စီး တိုက်မိရာက လေယာဉ်မှူးတွေ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်နှစ်စီး တိုက်မိရာက လေယာဉ်မှူးတွေ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နယူးဂျာစီမှာ ဒီဇင်ဘာ ၂၈ ရက်နေ့တုန်းက လူ ၂ ဦး သေဆုံးတဲ့ လေကြောင်း မတော်တဆမှု ဖြစ်ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေဟာ ရဟတ်ယာဉ်တွေကို အသီးသီး ထိန်းချုပ် မောင်းနှင်နေခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် ကန်းနက်သ် အယ်လ်ကာ့ချ်နဲ့ အသက် ၇၁ နှစ်အရွယ် မိုက်ကယ် ဂရင်းဘာ့ဂ်တို့ ဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေပေါ်မှာ နောက်ထပ် ခရီးသည်တွေ လိုက်ပါခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။

ရဟတ်ယာဉ်တွေဟာ ဟမ်မန်တန် မြို့နားက အဝေးပြေး လမ်းနားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ တစ်စီးကတော့ မြေပေါ် ပျက်ကျချိန် မီးစွဲလောင်သွားခဲ့ပြီး မီးသတ် တပ်ဖွဲ့တွေက အပူတပြင်း ငြှိမ်းသတ်ခဲ့ရပါတယ်။

Enstorm 280C အမျိုးအစား ရဟတ်ယာဉ်နဲ့ Enstrom F-28A အမျိုးအစား ရဟတ်ယာဉ်တို့ ဘာကြောင့် တိုက်မိခဲ့သလဲ ဆိုတာကိုတော့ လေကြောင်း လုံခြုံရေးဌာန တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးနေဆဲပါ။ နှစ်စီးစလုံးဟာ အပေါ့စား ရဟတ်ယာဉ် အမျိုးအစားတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလတုန်းကလည်း အမေရိကန်ရဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်တစ်စီးနဲ့ စစ်ဘက် ရဟတ်ယာဉ်တို့ ပျံသန်းရင်း တိုက်မိကြရာက လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ ရဟတ်ယာဉ် မတော်တဆမှုတွေအတွင်း သေဆုံးသူ အရေအတွက်ကတော့ အမေရိကန်မှာ ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် ကျဆင်းလာနေတယ်လို့ ဖက်ဒရယ် လေကြောင်း စီမံကွပ်ကဲရေး ဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပစ်ချမှုကြောင့် ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်စဉ် ဒရုန်းဖြင့် ထပ်မံဗုံးသီးချတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသည့် ရဟတ်ယာဉ်ကို စစ်ကောင်စီ ပြန်လည် သယ်ယူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

KIA နဲ့ ပူး​ပေါင်းတပ်​တွေက ​ရွှေကူမြို့မှာအ​ရေး​ပေါ်ဆင်းသက်ခဲ့တဲ့ စစ်​ကောင်စီတပ်နဲ့ ရဟတ်ယာဥ်ကို ​မေလ ၂၁ ရက်​နေ့မှာထပ်မံသွား​ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ပစ်ချဖျက်ဆီးခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ ​တိုက်လေယာဥ် ၅ စီးရှိပြီဖြစ်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၂၀ ရက်တွင်ပစ်ချခဲ့သည့်စစ်ကောင်စီ ၏ရဟတ်ယာဉ် ၂စီးအနက် ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်ခဲ့ရသည့် ရဟတ်ယာဉ်ကို ယနေ့(မေလ ၂၁ရက်) မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁၁) ရဲဘော်များက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချမှုတွင် သေဆုံးနေသည့် ဗိုလ်ကြီးတစ်ဦးရုပ်အလောင်း တွေ့ရှိခဲ့ပြီး ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်သည့် ရဟတ်ယာဉ်မှာ ပျံတက်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။