Connect with us

Hi, what are you looking for?

News

ရဟတ်ယာဥ်ပျက်ကျမှုဖြစ်စဥ် ဒဏ်ရာရရှိသူတွင် ဟားခါးတက္ကသိုလ် ဒုပါ​မောက္ခချုပ်ပါဝင်

ဒေါက်တာဇော်မင်းသိန်းသည် ကျောက်ဆည် တက္ကသိုလ် ဘူမိဒေဒဌာန ပါမောက္ခတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီက ဟားခါးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ်ရာထူးတိုးပေးခံရခြင်း ဖြစ်သည်။

(ယမန်​​နေ့က ပျက်ကျသည့် ရဟတ်ယာဥ် ပျက်စီးမှု အစိတ်အပိုင်းများအား ​တွေ့ရစဥ်)

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ယမန်နေ့က ရဟတ်ယာဥ်ပျက်ကျသည့် ဖြစ်စဥ်၌ ဒဏ်ရာရသူစာရင်း​တွင် Non CDM ငါးဦးအနက် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ပါဝင်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ လိုက်ပါလာသည့် ရဟတ်ယာဥ်တစ်စင်းသည် ဟားခါးမြို့တွင်မတ်လ ၂၉ရက် နံနက်က ပျက်ကျခဲ့ခြင်း​ဖြစ်သည်။

ယင်းဖြစ်စဥ်တွင် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်မင်းသိန်း ပါဝင်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

“ရဟတ်ယာဥ်ပျက်ကျတာမှာ ဟားခါးတက္ကသိုလ်ကဒုတိယပါချုပ်ပါသွားတယ်လို့ ကြားတယ်”ဟု ဒေါက်တာဇော်မင်းသိန်း၏ မိတ်ဆွေ ပညာရေးဝန်ထမ်းတစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်မင်းသိန်းသည် ကျောက်ဆည် တက္ကသိုလ် ဘူမိဒေဒဌာန ပါမောက္ခတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီက ဟားခါးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ်ရာထူးတိုးပေးခံရခြင်း ဖြစ်သည်။

ဒေါက်တာဇော်မင်းသိန်းနှင့်အတူ အလုပ်အတူတူလက်တွဲလုပ်ကိုင်ဖူးသည့် ဘူမိဗေဒပညာရှင်တစ်ဦးက” သူ့ခြေထောက်ထိသွားတယ်။ ဒဏ်ရာရသွားတယ်”ဟု People’s Springသို့​ ပြောသည်။

ရဟတ်ယာဉ် ပျက်ကျမှုတွင် အရပ်ဘက်ဝန်ထမ်းသုံးဦးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် ရဟတ်ယာဥ်သည် မြေပြင်အထက် မီတာ ၂၀ ( ၆၅ပေခန့်)အကွာမှ ပျက်ကျသည့်ဖြစ်စဥ်ကို လေထုမတည်မငြိမ်မှုကြောင့် ပျက်ကျခြင်းဟု စစ်ကောင်စီက အကြောင်းပြထားသည်။

(ယမန်​​နေ့က ပျက်ကျသည့် ရဟတ်ယာဥ် ပျက်စီးမှု အစိတ်အပိုင်းများအား ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပစ်ချမှုကြောင့် ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်စဉ် ဒရုန်းဖြင့် ထပ်မံဗုံးသီးချတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသည့် ရဟတ်ယာဉ်ကို စစ်ကောင်စီ ပြန်လည် သယ်ယူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

KIA နဲ့ ပူး​ပေါင်းတပ်​တွေက ​ရွှေကူမြို့မှာအ​ရေး​ပေါ်ဆင်းသက်ခဲ့တဲ့ စစ်​ကောင်စီတပ်နဲ့ ရဟတ်ယာဥ်ကို ​မေလ ၂၁ ရက်​နေ့မှာထပ်မံသွား​ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ပစ်ချဖျက်ဆီးခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ ​တိုက်လေယာဥ် ၅ စီးရှိပြီဖြစ်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၂၀ ရက်တွင်ပစ်ချခဲ့သည့်စစ်ကောင်စီ ၏ရဟတ်ယာဉ် ၂စီးအနက် ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်ခဲ့ရသည့် ရဟတ်ယာဉ်ကို ယနေ့(မေလ ၂၁ရက်) မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁၁) ရဲဘော်များက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချမှုတွင် သေဆုံးနေသည့် ဗိုလ်ကြီးတစ်ဦးရုပ်အလောင်း တွေ့ရှိခဲ့ပြီး ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်သည့် ရဟတ်ယာဉ်မှာ ပျံတက်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။