Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်နှင့် လက်တွဲဆောင်ရွက်မှုမှာ တရုတ်၏ ဂုဏ်သတင်းကို ပိုမိုထိခိုက်စေဟု NUG ​ပြော

ဝဏ္ဏမောင်လွင်နှင့်တကွ တရားမဝင်စစ်ကောင်စီ၏ အခြားသောအဖွဲ့ဝင်များအား မြန်မာပြည်ကိုယ်စားပြုသူများအဖြစ် တလေးတစား ဖိတ်ကြားခြင်းသည် အာဏာသိမ်းမှုကိုဖီဆန်နေသော မြန်မာပြည်သူလူထုအပေါ် အလေးဂရုမပြုရာ၊ စိတ်ကသိကအောက် ဖြစ်ရာဖြစ်ကြောင်း NUG က ဆိုသည်။

▪️စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းခြင်းနှင့် ယင်းလုပ်ရပ်များအတွက် တာဝန်ခံမှုမရှိသေးသရွေ့ ရင်ကြားစေ့ရေး လက်တွေ့မဖြစ်နိုင်ဟုဆို

လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နာမည်ဆိုးနှင့်ကျော်ကြားသော အကြမ်းဖက်စစ်တပ်နှင့် လက်တွဲဆောင်ရွက်မှုများသည် တရုတ်ပြည်အစိုးရ၏ ဂုဏ်သတင်းကို ပိုမိုထိခိုက်စေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန် သည်။

စစ်ကောင်စီ၏ လက်ကိုင် ဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့သည့်သီတင်းပတ်အတွင်း တရုတ်သို့ခေါ်ယူတွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဝဏ္ဏမောင်လွင်ကို ‘နိုင်ငံခြားရေးဝန်ကြီး’ ဟူသောဂုဏ်ပုဒ်ဖြင့် မဆီလျှော်စွာ ဂုဏ်ပြုဖော်ပြထားသည်ကို အပြင်းထန်ဆုံး ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြသည်။

ဝဏ္ဏမောင်လွင်နှင့်တကွ တရားမဝင်စစ်ကောင်စီ၏ အခြားသောအဖွဲ့ဝင်များအား မြန်မာပြည်ကိုယ်စားပြုသူများအဖြစ် တလေးတစား ဖိတ်ကြားခြင်းသည် အာဏာသိမ်းမှုကိုဖီဆန်နေသော မြန်မာပြည်သူလူထုအပေါ် အလေးဂရုမပြုရာ၊ စိတ်ကသိကအောက် ဖြစ်ရာဖြစ်ကြောင်း NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

တရုတ်-မြန်မာပြည်သူချင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် တရုတ်ပြည်အတွက် အကောင်းဆုံးအလုပ်သင့်ဆုံးနည်းလမ်းမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး အတွက် တိုင်းရင်းသားလူမျိုးစုများအပါအဝင် NUG နှင့် အတူပူးပေါင်းပြီး မြန်မာစစ်တပ်ကို ဖိအားပေးရေးပင် ဖြစ်သည်။

ယင်းနည်းလမ်းကသာ ခိုင်မာအားကောင်းသော တရုတ်-မြန်မာ အနာဂတ်အကျိုးစီးပွါးကို တည်ဆောက်နိုင်မည်ဟု NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအားရပ်ဆိုင်းခြင်း၊ ထိုလုပ်ရပ်များအတွက် တာဝန်ခံမှုများမရှိသေးသရွေ့ ရင်ကြားစေ့ရေးဆိုသည်မှာ လက်တွေ့မဖြစ်နိုင်ကြောင်း NUGက ဆိုသည်။

အဆိုပါ လိုအပ်ချက်များ ပြည့်စုံသည်နှင့် NUG သည် မြန်မာပြည်ဒီမိုကရေစီကူးပြောင်းမှု ခိုင်မာလာစေရေး တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော အိမ်နီးနားချင်း ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေး တည်တံ့နိုင်စေရန်အတွက် မြန်မာပြည်သူတို့၏ ဆန္ဒကိုအလေးအနက်ထားရန်နှင့် မြန်မာပြည်သူတို့၏ အသံကိုနားစွင့်ရန် NUG က မျှော်လင့်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook