Connect with us

Hi, what are you looking for?

News

မတူပီသို့ စစ်ကောင်စီယာဉ်တန်းရောက်ရှိလာပြီး အင်အားဖြည့်ထား၍ တိုက်ပွဲများ ပိုပြင်းလာနိုင်ဟု CDFပြော

စစ်ကောင်စီတပ်သည် မင်းတပ် -မတူပီလမ်း၌ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက် ခဲ့ကြောင်း ဖော်ပြထားသည်။

(ကျောက်ထုမှထွက်လာသည့် စစ်ယာဉ် အစီး ၈၀ကျော်ယာဥ်တန်းကို တွေ့ရစဥ်)

၉ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ထက်မနည်းသေဆုံးဟု ထုတ်ပြန်၊ CDF ရဲဘော် နှစ်ဦးကျဆုံး

ချင်းပြည်နယ် မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန် ထွက်ခွာလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းသည် ဧပြီ ၇ရက် ညနေပိုင်း၌ မြို့တွင်းသို့ ရောက်ရှိလာပြီး ရှေ့ဆက်၍ စစ်ရေးလှုပ်ရှားမှုများပိုလုပ်လာနိုင်ကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ကျွန်တော်တို့ နယ်ထဲမှာပဲ ပိုပြီးတော့ သူတို့စစ်အင်အားတွေဖြည့်ပြီးတော့မှ စစ်ရေးလှုပ်ရှား မယ့် အစီအစဉ်တော့ရှိမယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူ က ပြောကြားပြီး ရှေ့ဆက်တိုက်ပွဲများပိုမိုဖြစ်လာနိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့လည်း အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း ကျောက်ထုမှထွက်လာသည့် စစ်ယာဉ် အစီး ၈၀ကျော်သည် မတူပီမြို့သို့ လာရောက်ရာ မတူပီ CDFအနေဖြင့် မတ်လ ၃၀ရက်မှ ဧပြီ ၇ရက်အထိ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၊ ၉ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မတူပီ CDFက ထုတ်ပြန်သည်။ တိုက်ပွဲများတွင် CDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မင်းတပ် -မတူပီလမ်း၌ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက် ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDFကလည်း ကြားဖြတ်တိုက်ခိုက် မှုများလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook