Connect with us

Hi, what are you looking for?

News

ဆားတောင်နယ် သာစည်လေးရွာတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး၊ ပြည်သူလေးဦးကိုလည်း စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အရာရှိတစ်ဦးအပါအဝင် လေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် သာစည်လေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ပြည်သူလေးဦးအား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးတပ်က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၉ ရက်)နံနက် ၄ နာရီခန့်က စစ်ကိုင်းခရိုင်၊တပ်ရင်း(၁)၊တပ်ခွဲ(၁) တပ်စု အခြေချရာ သာစည်လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က ၆၀(မမ) လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် နှစ်ဖက်အပြန် အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“စခက အင်အား ၁၀၀လောက်ပါတယ်။ပြီးတော့ Mi 35 နဲ့ပါပစ်ကူပေးခဲ့တာ”ဟု စစ်ကိုင်းခရိုင် တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အရာရှိတစ်ဦးအပါအဝင် လေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျေးရွာတွင်းရှိ ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံအရပ်သားလေးဦးကို ပစ်သတ်၍ မီးရှို့ခဲ့သည်ဟု အသိပေးသည်။

ထို့အပြင် သာစည်လေးကျေးရွာရှိ ဘုန်ကြီးကျောင်း နှစ်ကျောင်းမှ ကားနှစ်စီးကို ယူဆောင်၍ သေဆုံးဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်သားများကို သယ်ဆောင်သွားကြောင်း စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook