●စစ်ကောင်စီတပ် အထိနာပြီး လေကြောင်းပစ်ကူသုံးသောတိုက်ပွဲတွင် စစ်ကောင်စီတပ်၁၀ဦးထက်မနည်းသေ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား စခန်းသိမ်း တိုက်တိုက်ရာ၌ကချင်လွတ်လပ်ရေတပ်မတော်(KIA)မှ အရာရှိ ကျဆုံးခဲ့ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၂ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒီးပဲယင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဧပြီ ၈ရက် ညပိုင်းက ဒေသတွင်းရှိ PDF ပူးပေါင်းတပ်ဖွဲ့ပူးပေါင်း၍ ကူတော်ရဲစခန်း အား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂နာရီခန့် ကြာမြင့်ခဲ့ပြီး ရဲစခန်းကိုသိမ်းကာမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းကရှင်းပြသည်။ထိုစခန်းတွင် ရဲများအပြင် စစ်ကောင်စီတပ်သားများပါပူးပေါင်းစခန်းချနေခြင်းဖြစ်သည်ဟုလည်းသိရသည်။

“ကျွန်တော်တို့ စခန်းကိုလည်း ရလိုက်တယ်။ လက်နက်လည်းရတယ်။ ပြီးတော့ မီးရှို့ပြီး ပြန်ဆုတ်လာတာပေါ့။ ကျွန်တော်တို့ဘက်က ၂ယောက်ကျသွားတယ်။ ကျသွားတဲ့ နှစ်ယောက်က ကိုသားကြီးဆိုတဲ့ တစ်ယောက်နဲ့ ကျွန်တော်တို့ ရဲဘော်တစ်ယောက်နဲ့။ KIA ကအရာရှိကျတယ်ဆိုတာမဟုတ်ပါဘူး” ဟု ဒီးပဲယင်း PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement
ယင်းတိုက်ပွဲ၌ ဒေသခံPDFတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIAက ကွပ်ကဲပေးခြင်းဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
KIA အရာရှိတစ်ဦးကျဆုံးသည်ဟု ယမန်နေ့ညမှစ၍ သတင်းထွက်ပေါ်ခဲ့ခြင်းကြောင့် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဧပြီ ၉ရက်ညပိုင်းက မေးမြန်းရာ ၎င်းက “မကြားတောင် မကြားဘူး” ဟု ပြောကြားသည်။
တိုက်ပွဲဖြစ်စဉ် အခြေအနေကိုမေးမြန်းရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးခဲ့သည့်ကို ရုပ်အလောင်းများမြင်တွေ့ရပြီးအတည်ပြုနိုင်ကြောင်း ဒီးပဲယင်း PDF တာဝန်ရှိသူက ပြောသည်။ အခြားပူးပေါင်း PDF တပ်ဖွဲ့အချို့က စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးခန့်သေဆုံးနိုင်ကြောင်းခန့်မှန်းပြောကြားထားသည်။
“သူတို့ ဘက်က အကျအဆုံးကတော့ စခန်းထဲမှာ တွေ့ခဲ့ရတာက ၇ယောက်၊ ၈ယောက် လောက် တော့မြင်တယ်။ ညမှာဆိုတော့ ။ နောက်ရက်မှာလည်း ထွက်ပြေးတဲ့သူတွေကို ဂဠုန်တပ်က သတင်းရ လို့ ကြိုစောင့်ပြီး တိုက်တာလည်း ၃လောင်းရတာပေါ့။ ဂဠုန် ကတော့ လက်နက် ၄ လက်လား ရတယ် ထင်တယ် ထုတ်ပြန်ထားတာပေါ့။ အားလုံးပေါင်း ၁၀ဦးလောက်သေတယ်လို့ အတည်ပြုလို့ရတယ်။ အခြားမသေချာတာကိုတော့ မသိဘူး။ သူတို့ ဒဏ်ရာရပြီး ခေါ်သွားတာမျိုး ကျသွားတာမျိုးက ကျွန် တော်တို့ မသိနိုင်ဘူးလေ”ဟု ၎င်းက ဆက်ပြောသည်။
ကူတော်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်။


















































