Connect with us

Hi, what are you looking for?

News

ကူတော်ရဲစခန်းသိမ်းတိုက်ပွဲ KIAအရာရှိ ကျဆုံးခဲ့ခြင်းမရှိ၊ PDF ရဲဘော် ၂ဦးကျဆုံးခဲ့ဟု ဒီပဲယင်းPDFမှ တာဝန်ရှိသူ​ပြော

KIA အရာရှိတစ်ဦးကျဆုံးသည်ဟု ယမန်​နေ့ညမှစ၍ သတင်းထွက်​ပေါ်ခဲ့ခြင်း​ကြောင့် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဧပြီ ၉ရက်ညပိုင်းက မေးမြန်းရာ ၎င်းက “မကြားတောင် မကြားဘူး” ဟု ပြောကြားသည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ)

စစ်​ကောင်စီတပ် အထိနာပြီး​ လေ​​ကြောင်းပစ်ကူသုံး​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်၁၀ဦးထက်မနည်း​သေ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား စခန်းသိမ်း တိုက်တိုက်ရာ၌ကချင်လွတ်လပ်ရေတပ်မတော်(KIA)မှ အရာရှိ ကျဆုံးခဲ့ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၂ဦး ကျဆုံးခဲ့ခြင်းဖြစ်​ကြောင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒီးပဲယင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဧပြီ ၈ရက် ညပိုင်းက ဒေသတွင်းရှိ PDF ပူးပေါင်းတပ်ဖွဲ့ပူး​ပေါင်း၍ ကူတော်ရဲစခန်း အား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂နာရီခန့် ကြာမြင့်ခဲ့ပြီး ရဲစခန်းကိုသိမ်းကာမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းကရှင်းပြသည်။ထိုစခန်းတွင် ရဲများအပြင် စစ်​ကောင်စီတပ်သားများပါပူး​ပေါင်းစခန်းချ​နေခြင်းဖြစ်သည်ဟုလည်းသိရသည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ)

“ကျွန်တော်တို့ စခန်းကိုလည်း ရလိုက်တယ်။ လက်နက်လည်းရတယ်။ ပြီးတော့ မီးရှို့ပြီး ပြန်ဆုတ်လာတာပေါ့။ ကျွန်တော်တို့ဘက်က ၂ယောက်ကျသွားတယ်။ ကျသွားတဲ့ နှစ်ယောက်က ကိုသားကြီးဆိုတဲ့ တစ်ယောက်နဲ့ ကျွန်တော်တို့ ရဲဘော်တစ်ယောက်နဲ့။ KIA ကအရာရှိကျတယ်ဆိုတာမဟုတ်ပါဘူး” ဟု ဒီးပဲယင်း PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲ၌ ​ဒေသခံPDFတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIAက ကွပ်ကဲ​ပေးခြင်းဖြစ်​ကြောင်း၎င်းကဆက်​ပြောသည်။

KIA အရာရှိတစ်ဦးကျဆုံးသည်ဟု ယမန်​နေ့ညမှစ၍ သတင်းထွက်​ပေါ်ခဲ့ခြင်း​ကြောင့် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဧပြီ ၉ရက်ညပိုင်းက မေးမြန်းရာ ၎င်းက “မကြားတောင် မကြားဘူး” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်စဉ် အခြေအနေကိုမေးမြန်းရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးခဲ့သည့်ကို ရုပ်အ​လောင်းများမြင်​တွေ့ရပြီးအတည်ပြုနိုင်ကြောင်း ဒီးပဲယင်း PDF တာဝန်ရှိသူက ပြောသည်။ အခြားပူး​ပေါင်း PDF တပ်ဖွဲ့အချို့က စစ်​ကောင်စီတပ်ဘက်မှ ၂၀ ဦးခန့်​သေဆုံးနိုင်​ကြောင်းခန့်မှန်း​ပြောကြားထားသည်။

“သူတို့ ဘက်က အကျအဆုံးကတော့ စခန်းထဲမှာ တွေ့ခဲ့ရတာက ၇ယောက်၊ ၈ယောက် လောက် တော့မြင်တယ်။ ညမှာဆိုတော့ ။ နောက်ရက်မှာလည်း ထွက်ပြေးတဲ့သူတွေကို ဂဠုန်တပ်က သတင်းရ လို့ ကြိုစောင့်ပြီး တိုက်တာလည်း ၃လောင်းရတာပေါ့။ ဂဠုန် ကတော့ လက်နက် ၄ လက်လား ရတယ် ထင်တယ် ထုတ်ပြန်ထားတာပေါ့။ အားလုံးပေါင်း ၁၀ဦးလောက်သေတယ်လို့ အတည်ပြုလို့ရတယ်။ အခြားမသေချာတာကိုတော့ မသိဘူး။ သူတို့ ဒဏ်ရာရပြီး ခေါ်သွားတာမျိုး ကျသွားတာမျိုးက ကျွန် တော်တို့ မသိနိုင်ဘူးလေ”ဟု ၎င်းက ဆက်​ပြောသည်။

ကူတော်ရဲစခန်း တိုက်ခိုက်ခံရပြီး​နောက် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။