Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ်ရှိ အကြမ်းဖက်စစ်အုပ်စုပိုင် MPT ရုံးချုပ် မီးလောင်

MPT ရုံးချုပ် အပေါ်ထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဲယားကွန်း ဝါယာရှော့ကြောင့် လောင်ကျွမ်းခြင်း ဟု သိရကြောင်း ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းမပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် MPT ရုံးချုပ်တွင် ယမန်နေ့ည ၁၂နာရီခွဲခန့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

MPT ရုံးချုပ် အပေါ်ထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဲယားကွန်း ဝါယာရှော့ကြောင့် လောင်ကျွမ်းခြင်း ဟု သိရကြောင်း ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” MPT ရုံးအပေါ်ထပ်မှာ မီးလောင်နေတာ တွေ့ရတာပါ။ အရမ်းတော့ မကြာလိုက်ဘူး။ မီးသတ်ကားတွေ လာငြိမ်းသွားလို့ အခုတော့ ဆက်မလောင်တော့ပါဘူး။ အဲယားကွန်း ဝါယာရှော့ ဖြစ်ပြီး လောင်တယ် လို့တော့ ပြောနေကြတယ်။ လူတော့ထိခိုက်တာ မရှိဘူး။ ဗုံးပေါက်တာ ဟုတ်၊မဟုတ် သေချာတော့ မသိရသေးဘူး “ဟု ၎င်းက ပြောသည်။

MPT ရုံးချုပ် မီးလောင်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ညပိုင်းတွင် ရန်ကုန်တစ်မြို့လုံးနီးပါး လျှပ်စစ်မီးများ ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး မြောက်ဒဂုံနှင့်အရှေ့ဒဂုံမြို့နယ်တို့တွင် ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။