Connect with us

Hi, what are you looking for?

News

အလုပ်သမားရေးရာတိုင်ကြားမှုယန္တရားသို့ စတင်တိုင်ကြားနိုင်ပြီဟု NUG ကြေညာ

အဆိုပါ တိုင်ကြားမှုယန္တရားလည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်များ၊ အလုပ်ရှင်အဖွဲ့ အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားရေးရာ ဆောင်ရွက်နေသူများက ပူးပေါင်းပါဝင်ကြရန်လည်း NUG က မေတ္တာရပ်ခံထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေ​သော ​ရွှေပြည်သာမြို့နယ်ရှိ အလုပ်သမားသပိတ်စစ်​ကြောင်းကို ၂၀၂၁​ ဖေ​ဖော်ဝါရီ၉ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အလုပ်သမားရေးရာတိုင်ကြားမှုယန္တရားကို ယနေ့(ဧပြီ ၁၇)မှစတင်တိုင်ကြားနိုင်ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အလုပ်သမားများ၏ နစ်နာမှုများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၏ website ၊ Facebook Messenger Bot နှင့် emial တို့မှတဆင့် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါတိုင်ကြားမှုယန္တရားကို စစ်အာဏာရှင်လက် အောက်တွင် ထိခိုက်နစ်နာဆုံးရှုံးနေသော အလုပ်ရှင်၊ အလုပ်သမားတို့ ၏ ဥပဒေပါ ရပိုင်ခွင့်နှင့် အကျိုးခံစား ခွင့်များရရှိရန်၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးတည်ဆောက်နိုင်ရန်နှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း NUG က မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုင်ကြားမှုယန္တရားလည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်များ၊ အလုပ်ရှင်အဖွဲ့ အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားရေးရာ ဆောင်ရွက်နေသူများက ပူးပေါင်းပါဝင်ကြရန်လည်း NUG က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တို့အား NUG က မှတ်တမ်းတင်ထားရှိကာ နိုင်ငံတော်တာဝန်များရယူချိန်တွင် ထိုက်တန်သည့် ဂုဏ်ပြုမှုများ ဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook