Connect with us

Hi, what are you looking for?

News

အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ

ယင်းဦးစီးဌာနသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့များပြုနိုင်စေရန်လည်း ရည်ရွယ်သည်ဟုဆိုသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးနှိပ်စက်မှုများ၊ ဖက်ဆစ်လုပ်ရပ်များကို ကာကွယ် နိုင်ရန် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကိုဖွဲ့စည်းလိုက်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

ပြည်သူလူထု၏ လူမှုဘ၀လုံခြုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရှိသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်နိုင်ရန်အတွက် အထက်ပါဦးစီးဌာနကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းဦးစီးဌာနသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့များပြုနိုင်စေရန်လည်း ရည်ရွယ်သည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနသည် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်အပြီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့ သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်သည့် မြို့နယ် ၃၆ မြို့နယ်တွင် စစ်ကိုင်းတိုင်းမှ ၂၉ ၊ မကွေးတိင်းမှ ၇ မြို့နယ်တို့ဖြစ်သည်ဟု NUG က ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။