Connect with us

Hi, what are you looking for?

LuduNwayOo

News

၈၈ ငြိမ်း/ပွင့်မှ မနုနုအောင်နှင့် မခက်ခက်တို့ကို ဆေးကုသမှုခံယူစဉ် စစ်ကောင်စီဖမ်းဆီး

၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၌ မနုနုအောင်သည် တောင်သူလယ်သမား​ရေးရာဌာနတွင်လည်းကောင်း၊ မခက်ခက်သည် အမျိုးသမီးနှင့် က​လေးသူငယ်​ရေးရာဌာန တွင်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။

●မိခင်မကျန်းမာသဖြင့် ဆေးခန်းအတူလိုက်ပါလာသော သားဖြစ်သူကိုပါ ဖမ်းဆီးခဲ့

၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနုနုအောင်နှင့် မခက်ခက်တို့ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၂၆ ရက်တွင် ကရင်ပြည်နယ်၊ ဘားဘံမြို့၌ ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ အဖွဲ့အစည်းက ယနေ့သတင်းထုတ်ပြန်သည်။

မနုနုအောင်နှင့် မခက်ခက် နှစ်ဦးသည် ကျန်းမာရေးအခြေအနေကောင်းမွန်ခြင်းမရှိ၍ ဆေးကုသမှုခံယူရန် ဘားအံသို့ရောက်ရှိစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။

မိခင်၏ ကျန်းမာ​​ရေးအတွက် ​ဆေးကုသရန် အတူ လိုက်ပါလာ​သော မခက်ခက်၏ သားဖြစ်သူ ကိုမြတ်သူကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မနုနု​အောင် နှင့် မခက်ခက် တို့၏ ကျန်းမာ​ရေးမှာ စိုးရိမ်ရသည့် အ​ခြေအ​​နေတွင်ရှိ​နေပြီး ၎င်းတို့ ၃ဦးစလုံးနှင့် အဆက်အသွယ် ပြတ်​တောက်​နေသည့်အတွက် သုံးဦးစလုံး၏ လုံခြုံ​ရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်​နေရကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ထုတ်ပြန်သည်။

၎င်းတို့ ၃ ဦးစလုံး ဖမ်းဆီးခံရပြီးချိန်မှစ၍ မိသားစု၊ အဖွဲ့အစည်း တို့နှင့် အဆက်အသွယ် ရရှိခြင်းမရှိ​သေးပဲ မည်သည့်​နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိ​ရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၌ မနုနုအောင်သည် တောင်သူလယ်သမား​ရေးရာဌာနတွင်လည်းကောင်း၊ မခက်ခက်သည် အမျိုးသမီးနှင့် က​လေးသူငယ်​ရေးရာဌာန တွင်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။