Connect with us

Hi, what are you looking for?

News

၈၈ ငြိမ်း/ပွင့်မှ မနုနုအောင်နှင့် မခက်ခက်တို့ကို ဆေးကုသမှုခံယူစဉ် စစ်ကောင်စီဖမ်းဆီး

၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၌ မနုနုအောင်သည် တောင်သူလယ်သမား​ရေးရာဌာနတွင်လည်းကောင်း၊ မခက်ခက်သည် အမျိုးသမီးနှင့် က​လေးသူငယ်​ရေးရာဌာန တွင်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။

●မိခင်မကျန်းမာသဖြင့် ဆေးခန်းအတူလိုက်ပါလာသော သားဖြစ်သူကိုပါ ဖမ်းဆီးခဲ့

၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနုနုအောင်နှင့် မခက်ခက်တို့ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၂၆ ရက်တွင် ကရင်ပြည်နယ်၊ ဘားဘံမြို့၌ ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ အဖွဲ့အစည်းက ယနေ့သတင်းထုတ်ပြန်သည်။

မနုနုအောင်နှင့် မခက်ခက် နှစ်ဦးသည် ကျန်းမာရေးအခြေအနေကောင်းမွန်ခြင်းမရှိ၍ ဆေးကုသမှုခံယူရန် ဘားအံသို့ရောက်ရှိစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။

မိခင်၏ ကျန်းမာ​​ရေးအတွက် ​ဆေးကုသရန် အတူ လိုက်ပါလာ​သော မခက်ခက်၏ သားဖြစ်သူ ကိုမြတ်သူကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မနုနု​အောင် နှင့် မခက်ခက် တို့၏ ကျန်းမာ​ရေးမှာ စိုးရိမ်ရသည့် အ​ခြေအ​​နေတွင်ရှိ​နေပြီး ၎င်းတို့ ၃ဦးစလုံးနှင့် အဆက်အသွယ် ပြတ်​တောက်​နေသည့်အတွက် သုံးဦးစလုံး၏ လုံခြုံ​ရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်​နေရကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ထုတ်ပြန်သည်။

၎င်းတို့ ၃ ဦးစလုံး ဖမ်းဆီးခံရပြီးချိန်မှစ၍ မိသားစု၊ အဖွဲ့အစည်း တို့နှင့် အဆက်အသွယ် ရရှိခြင်းမရှိ​သေးပဲ မည်သည့်​နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိ​ရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၌ မနုနုအောင်သည် တောင်သူလယ်သမား​ရေးရာဌာနတွင်လည်းကောင်း၊ မခက်ခက်သည် အမျိုးသမီးနှင့် က​လေးသူငယ်​ရေးရာဌာန တွင်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။