Connect with us

Hi, what are you looking for?

News

ဖားကန့် ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်နှင့် ရဲတပ်သားကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး​ခေါ်​ဆောင်သွားဟုဆို

ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့​သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ​ဒေသခံများက ပြော သည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီ၏ ရဲတပ်ရင်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူများက People’s Spring သို့ အသိပေးသည်။

ဖားကန့်အခြေစိုက် ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးကို မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်းဟုဆိုသည်။

“ရဲတွေက အရပ်ဝတ်နဲ့ စျေးလာဝယ်တုန်း လူတွေ့ကြားထဲတင် အေးအေးဆေးဆေး ဖမ်းခေါ်သွားတာ။ စစ်တပ်ကတော့ မီးခဲကိုင်မိတဲ့မျောက်လို လန့်နေတယ်။ လာလည်းမစစ်ရဲသလို ဘယ်သူကမှလည်း ​ပြောပြမှာမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့​သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ​ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းသည် ပြည်သူ လူထုအား ဖြိုခွင်းရာတွင် ရှေ့တန်းမှပါဝင်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ရင်းများ ကွပ်ကဲမှုဌာနကို အုပ်ချုပ်သူသည် စစ်တပ်မှ အသွင်ပြောင်းလာသူ ရဲမှုးချုပ် ကြည်လင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်​ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်​နေ