Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် တပ်တွင်းအ​ခြေအ​နေကိုပြ​နေတဲ့ ခမရ (၄၂၁)စစ်​ကြောင်းရဲစာရင်း​ပေါက်ကြား

စစ်​ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်​နေ

( မိုးဗြဲမြို့နယ်မှာ သြဂုတ်လအတွင်းစစ်တပ်စစ်​ကြောင်းတစ်​ကြောင်းကို ​တော်လှန်​ရေးတက်​တွေကမတိုက်ခိုက်မှီ ဒရုန်းဖြင့် အ​ပေါ်စီးမှကင်း​ထောက်ထား​သောဓါတ်ပုံ/ခမရ ၄၂၁ရဲ့တပ်တွင်းအ​ခြေ​နေပြဇယား)

စက်တင်ဘာ-၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်မှာ စစ်ကြောင်းထိုး‌နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းအင်အားမှာ သုံးပုံ၊နှစ်ပုံကျော်ကစစ်မှုထမ်းတပ်သားသစ်(ပြည်သူ့စစ်-ပစ)​တွေဖြစ်​​​နေပြီး ၊ပစ​တွေနဲ့အဓိကစုဖွဲ့ထားတဲ့စာရင်းထွက်ပေါ်လာပါတယ်။

စစ်တပ်စစ်ကြောင်းရဲ့ အင်အား ၁၅၂ ဦးအနက် ၁၀၉ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားရတဲ့စာရင်းကို မိုးဗြဲတိုက်ပွဲမှာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ​ကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းခန့်က စစ်သားသစ်​တွေဖြစ်​နေပါတယ် ။

လက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လွယ်ယင်း မင်္ဂလာကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဇူလိုင် က ထိုးစစ်ဆင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ−၄၂၁ )တပ်ရဲ့ ဖွဲ့စည်းပုံ၊နာမည်စာရင်း၊ရာထူးနဲ့ လက်နက်စာရင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာရင်းတွေက ခမရ(၄၂၁)တပ်ရင်း ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးမောင်မောင်နိုင် ဖြစ်ပြီး စုစုပေါင်း အင်အား ၁၅၂ ဦး ပါဝင်ပါတယ်။ ဒါပေမယ့် ၁၀၉ ဦးက စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု‌ဆောင်းခံထားရတဲ့ တပ်သားသစ်တွေ ဖြစ်ပါတယ်။

အရာရှိအဆင့် ၃ဦး ၊ ဒုအရာခံဗိုလ် ၁ဦး နဲ့သန္ဓေလို့ ခေါ်တဲ့ အမြဲတမ်းတပ်သားစုစုပေါင်းက ၄၃ ဦးပဲရှိတယ်လို့ ရရှိထားတဲ့စာရင်းအချက်အလက်အရ တွေ့ရပါတယ်။ဒါ့ကြောင့် စစ်တပ်တပ်ရင်းတစ်ခုရဲ့ အင်အား သုံးပုံ၊နှစ်ပုံကျော်(၇၂ ရာခိုင်နှုန်းခန့်)က စစ်မှုထမ်းတပ်သားတွေ ဖြစ်နေပါတယ်။

“အဲဒါကြောင့် တိုက်ပွဲဖြစ်ပြီဆို လေကြောင်းကနေ အဆမတန်ဖိတယ်။‌လက်နက်ကြီး တွေသုံးတယ်။မြေပြင်မှာက သူတို့ဘယ်လိုမှ မတိုးနိုင်ဘူးလေ။ရတဲ့ အခွင့်အရေးပေါ်မူတည်ပြီး ထွက်ပြေးဖို့ အသေမခံကြဖို့ စစ်မှုထမ်းတွေကိုလည်း ပြောချင်တယ်”လို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ခမရ(၄၂၁)ရဲ့ ဖွဲ့စည်းပုံစာရင်းအရ စစ်မှုထမ်းတပ်သားတွေကို အားကိုးနေရတာကြောင့် စစ်တပ် တပ်ရင်းတစ်ခုရဲ့ ဖွဲ့စည်းပုံပျက်‌နေတဲ့ အဆင့်ဖြစ်‌တယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပါတယ်။

“တိုက်ခိုက်ရေး အမာခံလိုင်းတွေ တော်တော်အင်အားပြုန်းနေတာဖြစ်မယ်။အရာရှိတောင် ၃ ယောက်ပဲရှိတာ။ ဖွဲ့စည်းပုံတောင်ဆွဲမရဘူး ကျနော်သာဆို။အဲ့တိုင်းထွက်ရင် မျိုးတုန်းကုန်မှာ။အင်အားနဲ့လုံးပြတာမျိုးပဲရမယ်”လို့ သူက ပြောပါတယ်။

ဇူလိုင်က လွယ်ယင်း မင်္ဂလာကျေးရွာကို စစ်

ကြောင်းထိုးခဲ့တဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး တစ်ပတ်အကြာမှာ စစ်တပ်က ပြန်ဆုတ်သွားရပါတယ်။အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူ ၂၀ နဲ့ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

စစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီး အရယူထိန်းချုပ်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့တစ်ပတ်ကျော်ကလည်း စစ်ကြောင်းထပ်ထိုးလို့ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ မိုးဗြဲမြို့အတွင်း ပြန်ဆုတ်သွားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လူငယ်၊လူရွယ်တွေကို နည်းမျိုးစုံ နဲ့ စစ်မှုထမ်းတပ်သား အဖြစ်စုဆောင်းပြီး တော်လှန်ရေးတပ်တွေနဲ့ တိုင်း

ရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြီးခဲ့တဲ့နှစ်ကစလို့ အရှိန်မြှင့်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပေါက်ကြားခဲ့တဲ့ စစ်ကိုင်းဘက်က ခလရ(၈၃)တပ်ရင်းက စစ်ကြောင်းရဲ့ ရှေ့ထွက်အခြေပြု အင်အားစာရင်းတွေမှာလည်း စစ်တပ်အရာရှိ ၃ ဦး၊ စစ်သားဟောင်း ၁၇ ဦးပဲပါရှိပြီး စစ်မှုထမ်းတပ်သားသစ်က ၈၀ ၀န်းကျင်ပါရှိပါတယ်။

စစ်မှုထမ်းအဖြစ်စုဆောင်းခံခဲ့ရသူအများစုဟာ မိသားစုနဲ့ အဆက်အသွယ်မရတော့တာနဲ့ တိုက်ပွဲအတွင်းသေဆုံးသွားရတဲ့ ဖြစ်စဉ်အများအပြားရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်းက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။