Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ စစ်ကောင်စီလူကုန်တားဒုရဲအုပ်က ယာဉ်မောင်းကိုသတ်ပြီး ကားလုယက်

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

စက်တင်ဘာ -၈၊၂၀၂၆။ရွှေပြည်စိုး၊မိုမို/People’s Spring

နေပြည်တော်မှာ ကားအငှားဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီလက်အောက်ခံလူကုန်တား ရဲတပ်ဖွဲ့က အရာရှိက သေနတ်နဲ့ ပတ်သတ်ပြီး ကားလုယူမှုဖြစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ ကားအငှားဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ကိုဝင်းကို ဆိုသူကို နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ်ရဲရင့်အောင်က သတ်ဖြတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

” ဒုရဲအုပ်ရဲရင့်အောင်က ကျွဲဂိမ်းအရမ်းဆော့တယ်လို့ သိရတယ်။ ရဲအရာရှိအဖြစ် ကားငှားပြီး ကျူးလွန်တာဗျ။ ဒီကိစ္စက လူကုန်တားတပ်ဖွဲ့မှူးအထိ ဂယက်ရိုက်နေတယ်။ ဒါပေမယ့် တိုးတိုးကျိတ်ကျိတ်တဲ့ ပြီးသွားမှာပါပဲ”လို့ ဒုရဲမှူးအဆင့်ရှိ နေပြည်တော်ရဲသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်က စက်တင်ဘာ ၆ရက်မှာ ဖြစ်ခဲ့တာပါ။ ဒုရဲအုပ်ရဲရင့်အောင်က ကိုဝင်းကိုဆီ ချိတ်ဆက်ပြီး မိတ္တိလာမြို့ကို ကားငှားပါတယ်။ ကိုဝင်းကိုက မောင်းပို့ပေးဖို့နဲ့ ကားငှားခအတွက် ကျပ် ၄သိန်း ပေးဖို့ သဘောတူကြပါတယ်။

မိတ္ထိလာမြို့ကို သွားရောက်စဉ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၉အနီးမှာ ဒုရဲအုပ်ရဲရင့်အောင်က ကိုဝင်းကို ကို သေနတ်နဲ့ ပစ်သတ်ပြီး လမ်းမဘေး ယာခင်းထဲမှာ အလောင်းစွန့်ပစ်တာလို့ သိရပါတယ်။

ကိုဝင်းကိုရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၆ရက် ညနေမှာ နွားကျောင်းသားကတွေ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှုးကတဆင့် ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေက သိရတာပါ။

စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။

” မိတ္ထိလာလို စစ်တပ်မြို့မှာ ရဲက ပြန်ပြီး လူသတ်ဓားပြတိုက်နေတာဆိုတော့ ဘာမှ မလုံခြုံဘူး။ ပြောဖို့စကားတောင်မရှ်ိဘူး”လို့ မိတ္ထီလာမြို့ခံတစ်ဦးက‌ပြောပါတယ်။

“ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၉/၁ ။ရန်ကုန်ကနေ မန္တလေးသွားလမ်းဘက်ခြမ်းလမ်းဘေးမှာ သေဆုံးခဲ့တာ။ဘော်ဒီကို သွားသယ်ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးကို ပို့ခဲ့တယ်”လို့မေတ္တာပါရမီ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

လူသတ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဒုရဲအုပ်နဲ့ပတ်သက်လို့ နေပြည်တော် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲဌာနကို လူထုနွေဦးက ဒီကနေ့ နေ့လယ်အထိ သုံးကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားတာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။