Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖားကန့် ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်နှင့် ရဲတပ်သားကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး​ခေါ်​ဆောင်သွားဟုဆို

ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့​သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ​ဒေသခံများက ပြော သည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီ၏ ရဲတပ်ရင်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူများက People’s Spring သို့ အသိပေးသည်။

ဖားကန့်အခြေစိုက် ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးကို မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်းဟုဆိုသည်။

“ရဲတွေက အရပ်ဝတ်နဲ့ စျေးလာဝယ်တုန်း လူတွေ့ကြားထဲတင် အေးအေးဆေးဆေး ဖမ်းခေါ်သွားတာ။ စစ်တပ်ကတော့ မီးခဲကိုင်မိတဲ့မျောက်လို လန့်နေတယ်။ လာလည်းမစစ်ရဲသလို ဘယ်သူကမှလည်း ​ပြောပြမှာမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့​သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ​ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းသည် ပြည်သူ လူထုအား ဖြိုခွင်းရာတွင် ရှေ့တန်းမှပါဝင်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ရင်းများ ကွပ်ကဲမှုဌာနကို အုပ်ချုပ်သူသည် စစ်တပ်မှ အသွင်ပြောင်းလာသူ ရဲမှုးချုပ် ကြည်လင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။