Connect with us

Hi, what are you looking for?

News

သောင်ရင်းမြစ်ရေ တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဒီကနေ့ မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေတချို့ဟာ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ မေ ၂၁ ရက်ည ၆ နာရီခွဲအချိန်က မိုးဇလရဲ့တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅ ပေခန့်မှာရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တာပါ။

ဒါကြောင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဒီကနေ့ မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေတချို့ဟာ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်က ဘားအံ မြဝတီ ကော့ကရိတ် ပိုင်ကျုံမြို့တွေမှာ မိုးရေချိန်လက်မ များပြားတယ်လို့ မိုးဇလက ဆိုထားပါတယ်။

မြဝတီမြို့ရဲ့တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက် မဲလမတ် ဖုတ်ဖရ အုန်းဖျန်စတဲ့ မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ မြေပြိုတာတွေဖြစ်နေတာဖြစ်ပါတယ်။

ဒီလို မိုးဆက်တိုက်ရွာသွန်းပြီး သောင်ရင်းမြစ်ရေထပ်တက်လာပါက မြစ်အနီးမှာ ယာယီခိုလှုံနေထိုင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် အခက်ပိုမိုကြုံရနိုင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။

သတင်း

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး မြို့မှာရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀အထိ ခိုလှုံနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မိုးကြီးပြီးနောက် မြစ်ရေကြီးတာ ၊ တောင်ကျရေ စီးဆင်းတာတွေကြောင့် ကရင်ပြည်နယ်အတွင်းက မြို့အချို့မှာ ရေဘေးရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သောမြဝတီနှင့်တာချီလိတ်မြို့တွင်သောင်ရင်းနှင့် မဲဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်၌ကျော်လွန်နေ၍ရေဘေးကြုံတွေ့နေပြီးလက်ရှိတွင်ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းမှ ‌မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။