Connect with us

Hi, what are you looking for?

သတင်း

KK Park ကျားဖြန့်ရုံက ထွက်ပြေးတဲ့ နိုင်ငံခြားသား ၂ဦး သောင်ရင်းမြစ်အတွင်း ရေနစ်သေဆုံး

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။

သောင်ရင်းမြစ်ဖြတ်ကူးရင်း ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - Chiravut Rungcharoensarasmi

အောက်တိုဘာ-၂၅ ၊၂၀၂၅/People’s Spring

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက် မနက်မှာ KK Park ကျားဖြန့်အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်းကြတဲ့ မြန်မာတွေနဲ့ နိုင်ငံအရပ်ရပ်က နိုင်ငံခြားသားတွေဟာ စစ်ကောင်စီတပ် ဝင်စီးနင်းမယ်ဆိုတဲ့ အတွက်ကြောင့် အစုလိုက်၊အပြုံလိုက် ထွက်ပြေးကြပါတယ်။

မြန်မာတွေနဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေအချို့က နီးစပ်ရာ မြဝတီမြို့မှာ သွားရောက်ခိုလှုံခဲ့ကြပါတယ်။ တရုတ်တွေနဲ့ နိုင်ငံခြားသားအများစုကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ဝင်ရောက်ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ဝင်ရောက်ဖို့ သောင်ရင်းမြစ် ဖြတ်ကူးကြတာမှာ နိုင်ငံခြားသား ၂ဦးဟာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“အလောင်းတွေ အဲလိုမျောလာတယ်ပြောတယ်။ ဟိုနေ့က ပြေးကြရင်းနဲ့ ချောင်းကူးရင်း ရေနစ်သေတာလို့ကြားတယ်”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့်လုပ်ငန်း နာမည်ထွက်ရာနေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားတွေနဲ့ မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်း​ထွက်​ပြေးနေကြပါတယ်။

စစ်တပ်က KK Park က အ​ဆောက်အအုံအချို့ကို ​အောက်တိုဘာ ၁၉ ရက်​မှာ ဟန်ပြအဖမ်းပြပြီး စတားလင့် စက်အချို့ ဖမ်းဆီးဖျက်ဆီးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ KK Park ထဲကို ထပ်မံဖမ်းဆီးပြဦးမှာဖြစ်လို့ ၂ ရက်အချိန် ပေးတဲ့သတင်း​တွေထွက်လာပြီး​နောက် ကျားဖြန့်အလုပ်ရုံ​တွေက တရုတ်​နိုင်ငံသား​တွေ​ရော ၊မြန်မာ​တွေ​ရော ထွက်​ပြေး​နေကြတာဖြစ်တယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

တရုတ်နိုင်ငံသား​တွေအပါအဝင် နိုင်ငံခြားသားတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရာမှာ ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာ ရှိနေပါတယ်။

ထိုင်းဘက်ခြမ်းကူးလာသူ​တွေကို ထိုင်းစစ်တပ်က သတ်မှတ်အ​​ဆောက်အအုံ​တွေမှာ ​ခေတ္တထားပြီး ​အောက်တိုဘာ ၂၃ ရက်အထိ ၅၀၀ ​ကျော်ရှိ​နေပြီလို့ ထိုင်းသတင်းဌာန Khaosod က​ဖော်ပြပါတယ်။ ဒါ့အပြင် ​ထွက်​ပြေးလာတဲ့ တရုတ်နိုင်ငံသား​တွေဆက်တိုက်ရှိ​နေပြီး ထပ်တိုးလာမှာဖြစ်တယ်လို့ Khaosod က​ဖော်ပြပါတယ်။

KK Parkဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းနဲ့ အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့က ပါဝင်ပတ်သက်နေကြောင်း JFM ရဲ့ WHO POWERED THE EXPANSION OF CYBER SCAMS IN MYAWADDY အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ် စင်တာတွေဟာနှိမ်နင်းနေတဲ့ကြားကနေကြီးထွားလာနေပြီးအဆောက်အဦးတွေပေါ်မှာ စတားလင့်ခ်(Starlink) ဂြိုဟ်တု အင်တာနက် စက်တွေအများအပြား တပ်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနက ​အောက်တိုဘာတတိယပါတ်မှာသတင်း ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်လွှတ်ရဲ့ စီးပွားရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာ စစ်တပ်က KK Park ကို ​အောက်တိုဘာ ၁၉ ရက်​နေ့မှာဟန်ပြအဖမ်းပြခဲ့ပါတယ်။ဒါအပြင် စစ်တပ်က ကျားဖြန့်လုပ်ငန်း​တွေအတွက် BGF ကို အပစ်မတင်ပဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က​ မြေငှား​​ပေးထားသလို၊အခ​ကြေး​ငွေယူလုံခြုံ​ရေးပေး​ပြီးလုပ်​နေတာလို့စွပ်စွဲထားတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်က KK Park က ကျားဖြန့်ရုံတချို့ကို ဖောက်ခွဲဖျက်ဆီးနေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မနေ့က( ဇွန်လ ၁၅ ရက်) အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမအပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်‌ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။