Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့မှ​ရေကြီး​နေလို့ ကယ်ဆယ်​ရေးစခန်း ၁၁ ခုဖွင့်လှစ်

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး မြို့မှာရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀အထိ ခိုလှုံနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့ရေဘေးကို BGF ရဲဘော်တွေ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၂၄၊၂၀၂၅။DEE/People’s Spring

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး မြို့မှာရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀အထိ ခိုလှုံနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

BGFရဲ့ စစ်ကားတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ BGFက ပြောပါတယ်။

“စိုးရိမ်ရေအမှတ်က၉၆၃(စင်တီမီတာ)၊ခုရောက်နေတာက ၁၃၀၃(စင်တီမီတာ)။ ကယ်ဆယ်ရေးစခန်း ၁၁ခု၊ ရေဘေးသင့်ပြည်သူ ၃၅၀၀ဦး”လို့ BGFရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၃ ရက်စပြီး မြဝတီမြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁)၊ အမှတ်(၂)နဲ့ အမှတ်(၃)ရပ်ကွက်တွေမှာ ရေကြီးလို့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

သောင်ရင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး နောက်တစ်ရက်မှာတော့ ၃ ပေခန့် ထပ်မြင့်လာနိုင်တဲ့အတွက်မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာ ဆီ ရှောင်ရှားကြဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလက သတိပေးထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်က အပူပိုင်းမုန်တိုင်းဝီဖာ(Wipha)အရှိန်ကြောင့် ဇူလိုင် ၂၅ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားစာနာနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက လည်း သတိပေးထားပါတယ်။

မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာ ၊ လျှပ်စီးလက်တာ ၊ မိုးကြိုးပစ်တာ ၊ လျှပ်တစ်ပြက်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အပူပိုင်းမုန်တိုင်း ဝီဖာရဲ့အရှိန်ကြောင့် မိုးကြီးခြင်းမြေပြိုခြင်း၊ရေကြီးတာတွေ ကြုံတွေ့ရနိုင်လို့ သဘာ၀ဘေးကို ပြည်သူတွေ ချက်ချင်းသတိမူပြီးကြိုတင်ပြင်ဆင်ကြဖို့ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇူလိုင် ၂၃ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။