Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံမြို့နယ် (၄၅)ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အပါအဝင် ဒလန်များ၊ထောက်တိုင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုမပြုလုပ်ရန် မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၅) ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်တွင်သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက People’s Springသို့ပြောသည်။

ယနေ့(မေ ၂၄ ရက်) နံနက် ၁၀နာရီခွဲခန့်က ဓမ္မစေတီလမ်းနှင့် တေးရေလမ်းထောင့်ရှိ ၎င်း၏ နေအိမ်၌ ပစ်သတ်ခံရခြင်းဖြစ်သည်။

“နာမည်က ခင်မောင်သန်း။ဧည့်စာရင်းတို့ဘာတို့ဆို သူ့အိမ်မှာ ပိုက်ဆံယူပြီး လုပ်နေတာကြာပြီ။ ပြီးတော့ ၇/၈ လမ်းဆုံမှာ ဟိုတလောက ဗုံး ပေါက်တော့လည်း စခ တွေနဲ့တူတူ ထောင်ထောင် ထောင်ထောင်နဲ့ အာဏာပြတဲ့သူ။အခုတော့ အိမ်ထဲမှာပဲ ပစ်ခံရပြီး သေသွားတာ”ဟု (၄၅) ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မည်သည်အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အပါအဝင် ဒလန်များ၊ထောက်တိုင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုမပြုလုပ်ရန် မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။

ယမန်နေ့ ည ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက် ရှိ အရက် Agentနှင့် ဆိုင်ကယ်ရောင်ဝယ်ရေးဆိုင်ကို ဗုံးပစ်ခတ်ခဲ့ကြောင်း ရွှေပြည်သာမြို့နယ် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ထို့အပြင် မီတာဘေမဆောင်လျှင်မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်နေသည့် ထန်းတပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦးအား မြို့ပြပြောက်ကျားတပ်ဖွဲ့ From Zero to Heroက မေလ ၂၃ ရက် နံနက်ပိုင်းက ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။