Connect with us

Hi, what are you looking for?

News

မန္တလေး−ပြင်ဦးလွင်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦးသေနတ်နဲ့ပစ်ခံရ

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ဆေးရုံကိုပို့လိုက်ရပါတယ်။

မန္တလေး − ပြင်ဦးလွင် ကားလမ်းမှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦး ဒီနေ့မနက်ပိုင်း ၉ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပါတယ်။

မန္တလေး ကနေ ပြင်ဦးလွင်ကိုသွားလမ်းဖြစ်တဲ့ ၁၀၃ လမ်းမပေါ်မှာ ပစ်ခတ်ခံရလိုက်ရတာလို့ဒေသခံအချို့က ပြောပါတယ်။ အဲဒီရဲတပ်ကြပ် ဆိုင်ကယ်နဲ့သွားလာချိန် နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့အမျိုးသား နှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာလို့သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ဆေးရုံကိုပို့လိုက်ရပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း မန္တလေး၊ပုသိမ်ကြီးမြို့နယ် တဲကုန်းရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရလိုကသေဆုံးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။