Connect with us

Hi, what are you looking for?

သတင်း

လူ ၁၀ဦးထပ်မနည်းသေဆုံးတဲ့ ယာဉ်တိုက်မှုဖြစ်တဲ့ နယူးမန္တလာထွန်းယာဥ်လိုင်း ရန်ကုန်-ပြင်ဦးလွင်ပြေးဆွဲခွင့် ယာယီပိတ်ခံရ

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

(နယူးမန္တလာထွန်းယာဥ်လိုင်း ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့စဥ်။ ဓာတ်ပုံံ-CJ)

အောက်တိုဘာ ၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က နယူးမန္တလာထွန်း ယာဥ်လိုင်းရဲ့ ပြင်ဦးလွင်-ရန်ကုန် ခရီးစဥ်ဟာ ယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ ခရီးသည် (၅)ဦး အပါအဝင် (၈)ဦး သေဆုံးခဲ့ကြောင်း၊နယူးမန္တလာထွန်းရဲ့ ခရီးစဥ်တွေအနက် မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာကနေ ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက အောက်တိုဘာ ၂၇ ရက်မှာ ၎င်းတို့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

အစားထိုးမရတဲ့ အသက်ဆုံးရှုံးမှုတွေအတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပြီး ယခုဖြစ်စဥ်အတွက် ခရီးသွားပြည်သူများကို အလေးအနက်တောင်းပန်ကြောင်း၊ ထိခိုက်သေဆုံးသူတွေအတွက် လိုအပ်တာတွေ ကူညီသွားမယ်လို့ အဆိုပါယာဥ်လိုင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ပသတင်းတွေအရ Express ကား​ပေါ်ပါ ခရီးသည် ၁၁ ဦးအထိ သေဆုံးတယ်လို့ ဆိုပြီး အတည်ပြုလို့ မရသေးပါဘူး။ ဒါ့အပြင် နယူးမန္တလာထွန်းယာဥ်ရဲ့ အတိုက်ခံရတဲ့ AD Van ပေါ်ပါ ယာဥ်မောင်းအမျိုးသားလည်း သေဆုံးခဲ့တာဖြစ်ပြီး နယူးမန္တလာထွန်းရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားတာ မတွေ့ရပါဘူး။

“NMH(နယူးမန္တလာထွန်း) ယာဥ်လိုင်း​ကြောင့် ယခုဖြစ်စဥ်တွင် ယာဥ်ရောလူပါ ပျက်စီးသေဆုံးခဲ့တဲ့ ချိုလွင်မန်း ယာဥ်အသင်းမှ ကိုနောင် အတွက်မည်ကဲ့သို့ လုပ်ဆောင်ပေးမလဲ ဆိုတာလဲပါမလာပါလား။ ယာ​ဥ်ပေါ်ပါ ခရီးသည်အတွက်ပဲပါလာတာ ဘာသဘောလဲ”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

နယူးမန္တလာထွန်း Express ယာဥ်ဟာ ပြင်ဦးလွင်မြို့ကနေ ထွက်ခွာလာချိန် ပြင်ဦးလွင်-မန္တ​လေးလမ်း၊ ၁၉ မိုင်၊ ဒေသအခေါ် မီးသတ်ကွေ့မှာ NISSANWINGROAD AD VAN အိမ်စီးကားတစ်စီးကို တိုက်မိပြီး ပေ ၅၀ လောက်နက်တဲ့ ချောက်ထဲကျသွားခဲ့တာဖြစ်ကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

“နယူးမန္တလာထွန်း ခရီးသည်ကားက အရှိန်များစွာနဲ့ဆင်းလာပြီး တက်လာတဲ့ကားကို ဘေးတိုက်အနေထားဝင်တိုက်ပြီး ချောက်ထဲကျသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်တွေကိုလည်း ပြင်ဦးလွင်ဆေးရုံ၊ မန္တလေးဆေးရုံကြီးနဲ့ မန္တလေးကလေးဆေးရုံတို့မှာ ဆက်လက်ကုသပေးနေတယ်လို့ ဆိုပါတယ်။

ယခုနှစ်သီတင်းကျွတ်ကာလမှာ ခရီးသွားလာမှုများပြားခဲ့တာကြောင့် ယာဥ်တိမ်းမှောက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။