Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ယာဥ်တန်း သေနတ်ဖြင့်ပစ်ခံရပြီး ရဲတစ်ဦးကျည်ထိမှန်

“ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ”ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

(ရန်ကုန်မြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်သည်။ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်သည်။ဓာတ်ပုံ - CJ)

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ယာဥ်တန်း သေနတ်ဖြင့်ပစ်ခံရပြီး ရဲတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ပြောသည်။

ဖြစ်စဥ်မှာ ယနေ့(မေ ၃၀ ရက်)နံနက် ၄နာရီခွဲခန့်က အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန် – ပြည်လမ်း စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ”ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်ခံရမှုအပြီး အကြမ်းဖက်စစ်ကောင်စီက အင်းစိန်ပန်းခြံအပါအဝင် နီးစပ်ရာ နေရာများတွင်၂နာရီခန့်အကြာ ပိတ်ဆို့စစ် ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ ညပိုင်းကလည်း ရွှေပြည်သာမြို့နယ် (၇)ရပ်ကွက်ရှိ စစ်ကောင်စီသတင်း ပေးဖြစ်သူ ဦးအောင်စိုးမိုး၏ နေအိမ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Shwepyithar Defence Forceက ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုတွင် ထိခိုက်မှုဖြစ်စဥ်မသိရှိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။