Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို တားဆီးရန် ကြိုးပမ်းမည့် MRDA အထူးတပ်အား လက်နက်ခဲယမ်းများတပ်ဆင်ရန် ကန်​ဒေါ်လာလေးသိန်း ကုန်ကျမည်ဖြစ်၍ ဝိုင်းဝန်းကူညီ​ပေးကြရန် ဗိုလ်နဂါးတောင်းဆို

MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးအရ လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။

MRDA
MRDA

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ဗိုလ်နဂါးဦးဆောင်သည့် အထူးတပ်ဖွဲ့အား လက်နက်ခဲယမ်းများ တပ်ဆင်ရန် အ​မေရိကန်ဒေါ်လာ လေးသိန်း ကုန်ကျမည်ဖြစ်သောကြောင့် ပြည်သူများဝိုင်းဝန်းကူညီရန် အဆိုပါတပ်ဖွဲ့က ​​တောင်းဆိုထုတ်ပြန်သည်။

အဆိုပါအထူးတပ်ဖွဲ့သည့် လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို တားဆီးနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။

“တိုက်ပွဲက နေ့စဥ်နဲ့အမျှဖြစ်နေတာ။မြေပြင်အခြေအနေအရ တော်တော်ကို ဆိုးဆိုးဝါးဝါး ရှိနေတယ်။ကျေးရွာတွေ ဆက်တိုက်မီးရှို့ခံနေရတယ်။ကျွန်တော်တို့ မီးရှို့ခံရတဲ့ရွာတွေကို ကာကွယ်ဖို့အထူးတပ်ဖွဲ့ဝင် ၁၀၀ ၊ ၁၅၀ လောက်ကို လေ့ကျင့်ပေးနေတာရှိတယ်။အဲဒီထဲကမှ အင်အား ၁၀၀လောက်ကို ရွေးထုတ်ပြီး စနစ်တကျ ယူနီဖောင်တို့ သူ့အသက်အန္တရာယ်နဲ့ထိခိုက်မှုကို ကာကွယ် ပေးနိုင်မယ့် ပစ္စည်းတချို့တပ်ဆင်မယ်။ နောက်လက်နက် အပြည့်အစုံတပ်ဆင်မယ်”ဟု ဗိုလ်နဂါးက ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန MOD သို့ ယခု လုပ်ဆောင် ချက်ကို တင်ပြအကူအညီတောင်ခံခဲ့သည်ဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“လက်နက်ဝယ်ယူတဲ့နေရာမှာ အလွဲအချော်တွေမဖြစ်အောင် ငွေကြေးကိစ္စနဲ့ လက်နက် ချိန်းတဲ့အချိန် သူတို့ကြားခံမယ့်အပိုင်းမှာတော့ MODက ပါပေးမယ်ပေါ့။အဲဒါကို ကျွန်တော်တို့ရယ်၊ MODရယ် လက် နက်ယူရမယ့် EAO ရယ် မနေ့က အပြီးသတ်ပြောဆိုပြီးသွားပြီ”ဟု ဗိုလ်နဂါးက ရှင်းပြသည်။

ထို့ကြောင့် လက်နက်ပမာဏအတွက် လာမည့်နှစ်ပတ်အတွင်း ဒေါ်လာလေးသိန်း ပေးချေရမည်ဖြစ်ပြီး အထူးတပ်ဖွဲ့၏ ကျည်ကာအပါအဝင် စစ်ဝတ်တန်ဆာများအတွက် ဒေါ်လာငါးသောင်း ထပ်မံကုန်ကျမည်ဟု MRDAက ဆိုသည်။

” လက်နက်ပမာဏရယ်၊ဒီဟာကို ပေးချေရမယ့် ခန့်မှန်း ပမာဏာရယ်။လက်နက်အမျိုးအစားတော်တော်များများပါမယ်။သူ့ရဲ့တန်ကြေးက ဒေါ်လာလေးသိန်းပေါ့။နှစ်ပတ်အတွင်းကို ဒေါ်လာလေးသိန်းရအောင်ရှာရမယ်ပေါ့။အခုလောလောဆယ် ကျွန်တော့်ဆီမှာ ဒေါ်လာနှစ်သိန်းရှိတယ်။အဲဒါ အရင်ကတည်းက ပြည်သူတွေစုပေါင်းလှူထားတာတို့ အခုရက်ပိုင်းလာလှူထားတာတို့နဲ့ ဒေါ်လာနှစ်သိန်းနီးပါး လောက်တော့ရပြီလက်နက်ဖိုးက ဒေါ်လာလေးသိန်းကျမယ်။ခုနက ပြောတဲ့သူတို့ ယူနီဖောင်တွေ၊ကျည်ကာ ဝတ်စုံတွေအတွက်က ဒေါ်လာငါးသောင်းလောက်ကျမယ်။ဒါကြောင့် ဒေါ်လာ နှစ်သိန်းခွဲလောက် အရေးပေါ်ရှာရမယ် ။ပြည်သူတွေအနေနဲ့ဒါကို ဝိုင်းဝန်းကူညီပေးကြစေလိုတယ်”ဟု ဗိုလ်နဂါးက တိုက်တွန်းသည်။

MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးအရ လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင် စစ်ရေးအင်အား နှစ်ဆခန့်တိုးမြှင့်ခဲ့ပြီး ရွာလုံးကျွတ်မီးရှို့မှုများနှင့်ပြည်သူများအပေါ် အကြောင်းမဲ့သတ်ဖြတ်နေသည်မှာ ပိုး၍ဆိုးရွားလာနေသည်။

အလားတူ ၎င်းတို့ စစ်ဆင်ရေးဒေသများတွင် သတင်းအမှောင်ချရန်အတွက် ဆက်သွယ်ရေးစနစ်များ အလုံးစုံပိတ်ချမှုများ မကြာခဏဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။