Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံတဲ့ ရှေ့နေအမျိုးသမီး ဆေးရုံမှာဆုံးပါး

မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။

People's Spring
People's Spring

မန္တလေးမှာ မိသားစုဝင်တွေ ဓားစာခံအဖြစ် စစ်အုပ်စုရဲ့ အဖမ်းခံလိုက်ရတဲ့အတွက် အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံစည်ရာမှာ ဆုံးပါးသွားတယ်။

မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။

ဒါကို အနီးပတ်ဝန်းကျင်ကတွေ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဒီနေ့ နေ့ခင်းပိုင်းမှာ ဆုံးပါးသွားရှာတယ်လို့ ဆွေမျိုးအချို့ဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရှေ့နေအမျိုးသမီးကို မတွေ့လို့ မောင်ဖြစ်သူနဲ့ညီမ နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ရှေ့နေအမျိုးသမီးကတော့တိမ်းရှောင်ခဲ့ရတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ဒီလို မိသားစုဝင် သုံးဦးဖမ်းဆီးခံရပြီး လေးရက်ကြာတဲ့အထိအဆက်အသွယ်မရတာကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ရှေ့နေအမျိုးသမီးဟာပိုးသတ်ဆေးသောက်ပြီးအဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကတွေ့မြင်လိုက်သူတွေက အချိန်မီဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီနေ့မှာတော့ကွယ်လွန်သွားခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေဟာ ဆန့်ကျင်တဲ့သူတွေ ဖမ်းမမိရင် ဓားစာခံအဖြစ် ကလေးသူငယ်ကစပြီးသက်ကြီးရွယ်အိုအရွယ်အထိ ဖမ်းဆီးလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။