Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းဘေး TikTok ရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရ

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

(ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတနေရာ။ ဓာတ်ပုံ - စကစ)

စက်တင်ဘာ-၃၊ ၂၀၂၆။ မိထက်/People’s Spring

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

အဲ့ဒီအမျိုးသမီးဟာ သူ့ကလေးငယ်ကို ကျောင်းပို့ပြီးအပြန်မှာ ဖုန်းနဲ့ TikTokရိုက်နေစဉ် ကားတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရန်ကုန်ဘက်ကနေ အလာမှာ ဖြစ်တာ။ သူက လမ်းမပေါ်တက်ပြီး တစ်တော့ဆော့‌နေတာလို့ အတိုက်ခံရတာ မြင်တဲ့သူတွေကပြောကြတယ်” လို့ ကားလမ်းအနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားတိုက်ခံရတဲ့ အမျိုးသမီးကို ဆေးရုံတင်ထားရတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ရန်ကုန်- နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးဝန်းကျင်ဟာ ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားတဲ့နေရာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁ရက် မနက်ကလည်း အဲဒီနေရာအနီးမှာ လမ်းဖြတ်ကူးတဲ့အမျိုးသမီးကို ခရီးသည်တင်ကားတစ်စီးက တိုက်မိလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

TikTokလူမှုကွန်ရက်သုံးစွဲမှုဟာ မြန်မာလူငယ်ထုကြားမှာ ပျံ့နှံ့နေပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တစ်တော့ကစားကြလို့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အပြင် နည်းပညာပိုင်းဆိုင်ရာလုံခြုံရေးအတွက်လည်း သတိပေးမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ် Application ဖြစ်တဲ့ TikTok ကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင်တော့ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးအစွန်းရောက်ဘုန်ကြီးဦးသုစိတ္တရဲ့အကောင့်တွေကို Tiktok က ဖယ်ရှားခံလိုက်ရပါတယ်။

Trending

Facebook