Connect with us

Hi, what are you looking for?

သတင်း

မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံတဲ့ ရှေ့နေအမျိုးသမီး ဆေးရုံမှာဆုံးပါး

မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။

People's Spring
People's Spring

မန္တလေးမှာ မိသားစုဝင်တွေ ဓားစာခံအဖြစ် စစ်အုပ်စုရဲ့ အဖမ်းခံလိုက်ရတဲ့အတွက် အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံစည်ရာမှာ ဆုံးပါးသွားတယ်။

မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။

ဒါကို အနီးပတ်ဝန်းကျင်ကတွေ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဒီနေ့ နေ့ခင်းပိုင်းမှာ ဆုံးပါးသွားရှာတယ်လို့ ဆွေမျိုးအချို့ဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရှေ့နေအမျိုးသမီးကို မတွေ့လို့ မောင်ဖြစ်သူနဲ့ညီမ နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ရှေ့နေအမျိုးသမီးကတော့တိမ်းရှောင်ခဲ့ရတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ဒီလို မိသားစုဝင် သုံးဦးဖမ်းဆီးခံရပြီး လေးရက်ကြာတဲ့အထိအဆက်အသွယ်မရတာကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ရှေ့နေအမျိုးသမီးဟာပိုးသတ်ဆေးသောက်ပြီးအဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကတွေ့မြင်လိုက်သူတွေက အချိန်မီဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီနေ့မှာတော့ကွယ်လွန်သွားခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေဟာ ဆန့်ကျင်တဲ့သူတွေ ဖမ်းမမိရင် ဓားစာခံအဖြစ် ကလေးသူငယ်ကစပြီးသက်ကြီးရွယ်အိုအရွယ်အထိ ဖမ်းဆီးလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန် နစ္စတန်က အမျိုးသမီးတွေ၊ မိန်းကလေးတွေအပေါ် ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာလီဘန် ထိပ်ပိုင်းအရာရှိ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

သတင်း

အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ခဲ့ပြီး တပ်ဖွဲဝင်များအား သင်တန်းပေးခြင်း စွမ်းရည်မြင့်တင်ပေးခြင်း အစီအစဉ် များအား ပုံမှန်လုပ်ဆောင်လျက်ရှိဟု အသိပေးသည်။

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

နိုင်ငံတကာ

ဟားမားစ် ဦးဆောင်ပြီး အစ္စရေးနယ်စပ်ကို ကျူးကျော် တိုက်ခိုက်ချိန်မှာ အဖမ်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ ရုပ်အလောင်းကို ဂါဇာ ကမ်းမြှောင်ဒေသမှာ ရှာတွေ့ခဲ့တယ်လို့ အစ္စရေးက ကြေညာခဲ့ပါတယ်။