Connect with us

Hi, what are you looking for?

သတင်း

မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံတဲ့ ရှေ့နေအမျိုးသမီး ဆေးရုံမှာဆုံးပါး

မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။

People's Spring
People's Spring

မန္တလေးမှာ မိသားစုဝင်တွေ ဓားစာခံအဖြစ် စစ်အုပ်စုရဲ့ အဖမ်းခံလိုက်ရတဲ့အတွက် အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံစည်ရာမှာ ဆုံးပါးသွားတယ်။

မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။

ဒါကို အနီးပတ်ဝန်းကျင်ကတွေ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဒီနေ့ နေ့ခင်းပိုင်းမှာ ဆုံးပါးသွားရှာတယ်လို့ ဆွေမျိုးအချို့ဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရှေ့နေအမျိုးသမီးကို မတွေ့လို့ မောင်ဖြစ်သူနဲ့ညီမ နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ရှေ့နေအမျိုးသမီးကတော့တိမ်းရှောင်ခဲ့ရတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ဒီလို မိသားစုဝင် သုံးဦးဖမ်းဆီးခံရပြီး လေးရက်ကြာတဲ့အထိအဆက်အသွယ်မရတာကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ရှေ့နေအမျိုးသမီးဟာပိုးသတ်ဆေးသောက်ပြီးအဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကတွေ့မြင်လိုက်သူတွေက အချိန်မီဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီနေ့မှာတော့ကွယ်လွန်သွားခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေဟာ ဆန့်ကျင်တဲ့သူတွေ ဖမ်းမမိရင် ဓားစာခံအဖြစ် ကလေးသူငယ်ကစပြီးသက်ကြီးရွယ်အိုအရွယ်အထိ ဖမ်းဆီးလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။