Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေနေ့ ၇၃ နှစ်မြောက်အခမ်းအနားအတွက် NUG သဝဏ်လွှာပေးပို့

ကော်သူးလေကရင်ပြည်ကို တရားဝင်ထူထောင်ကြောင်းနဲ့ ကော်သူးလေအစိုးရ ဖွဲ့စည်းထူထောင်ကြောင်း ကမ္ဘာကိုကြေငြာလိုက်တဲ့ ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကို ကော်သူးလေနေ့အဖြစ် သတ်မှတ်ထားတာပါ။

ကော်သူးလေနေ့ ၇၃ နှစ်မြောက်အခမ်းအနား
ကော်သူးလေနေ့ ၇၃ နှစ်မြောက်အခမ်းအနား

ဒီနေ့မှာကျရောက်တဲ့ကော်သူးလေနေ့မှာ ကရင် လူမျိုးတွေနေထိုင်ရာ နယ်မြေဒေသအားလုံး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ အသီးအပွင့်တွေနဲ့ ပြည့်ဝပါစေလို့ NUG အစိုးရက သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ကော်သူးလေနေ့အခမ်းအနားဟာ ဒီနှစ်ဆိုရင် ၇၃ နှစ်မြောက်ပြီဖြစ်ပါတယ်။ “မကောင်းတဲ့ အဆိုးအညစ်ပေါင်း ကင်းစင်တဲ့ပြည်” လို့ ကော်သူးလေဟာ အဓိပ္ပါယ်ရပါတယ်။

၇၃ နှစ်မြောက်အခမ်းအနားကိုပေးပို့တဲ့ NUG ရဲ့သဝဏ်လွှာမှာကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ခဲ့တဲ့ ကရင့်လမ်းစဉ်နဲ့အညီ ကရင်လူမျိုးတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့်ပေးဆပ်အနစ်နာခံခဲ့ကြတဲ့ ကရင့်အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုပါတယ်လို့ ပါရှိပါတယ်။

ကော်သူးလေနေ့မှာ မြန်မာနိုင်ငံတွင်းသာမက နိုင်ငံတကာအရပ်ရပ်မှာရောက်ရှိနေထိုင်နေကြတဲ့ ကရင်လူမျိုးတွေအားလုံး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ကျန်းမာခြင်းတွေ ပြည့်ဝစုံလင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ကြောင်း NUG ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကော်သူးလေကရင်ပြည်ကို တရားဝင်ထူထောင်ကြောင်းနဲ့ ကော်သူးလေအစိုးရ ဖွဲ့စည်းထူထောင်ကြောင်း ကမ္ဘာကိုကြေငြာလိုက်တဲ့ ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကို ကော်သူးလေနေ့အဖြစ် သတ်မှတ်ထားတာပါ။

ကော်သူးလေနေ့အခမ်းအနားကို ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။