Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ​တွေ့

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးလုပ်ဆောင်သူအချို့ကို ထိန်းသိမ်းပြီး သတိပေးခြင်းဖြင့်သာ KIAက ဆောင်ရွက်ပြီး သတ်ဖြတ်အရေးယူခြင်းမျိုး မပြုလုပ်ရန် တင်းတင်းကြပ်ကြပ်ညွှန်ကြားထားသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဖားကန့်တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ​တွေ့
ဖားကန့်တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ​တွေ့

ဖားကန့်မြို့တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ ယနေ့(ဇွန် ၂၀ရက်)က တွေ့ရှိခဲ့သည်။

ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“လက်ပြန်ကြိုးတုပ်ပြီး သတ်ထားတာ။ ကျွန်တော်တို့ဒေသခံတွေကိုယ်တိုင် အံ့သြနေတာ။ ဟိုတလောလေးကလည်း လူလေးဦး အဲ့လိုပဲအသတ်ခံခဲ့ရတယ်။ လက်တွေကြိုးတုပ်တာ၊ ပါးစပ်ကို တိပ်နဲ့ ပိတ်ထားတာတွေက တစ်ပုံစံတည်းပဲ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောလသည်။

Public Service Announcement
Public Service Announcement

ယခု အသတ်ခံရသူသုံးဦးသည် ဖားကန့်ဒေသခံများမဟုတ်ဘဲ အခြားမြို့နယ်မှလာရောက်သူများဖြစ် ကြောင်း လုံခင်းကျေးရွာအုပ်စုဒေသခံများက ပြောသည်။ လွန်ခဲ့သည့် မေလ ၃၁ရက်ကလည်း ဖားကန့်ဒေသခံမဟုတ်သည့် လေးဦးလည်း လက်ပြန်ကြိုးတုပ်သတ်ထားသည့် အလောင်းများ တွေ့ရှိခဲ့ရသေးသည်။

Public Service Announcement

Public Service Announcement

” ဒါဟာ ဒလန်ရှင်းလင်းရေးမျိုး မဟုတ်ဘူး။ ဖားကန့် PDFအနေနဲ့ ဒလန်ရှင်းလင်းရေး လုံးဝမဟုတ်ဘူး။ KIA ကလည်း ဒလန်ရှင်းလင်းရေးမလုပ်ရဘူးလို့ တိတိကျကျ ညွှန်ကြားထားတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေတယ်”ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးလုပ်ဆောင်သူအချို့ကို ထိန်းသိမ်းပြီး သတိပေးခြင်းဖြင့်သာ KIAက ဆောင်ရွက်ပြီး သတ်ဖြတ်အရေးယူခြင်းမျိုး မပြုလုပ်ရန် တင်းတင်းကြပ်ကြပ်ညွှန်ကြားထားသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook