Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်မြို့မှာ ဈေးဝယ်သွားရင်းပျောက်ဆုံးနေတဲ့ အမျိုးသမီး ၁၀ရက်အကြာမှာ ရုပ်အလောင်းတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

ဩဂုတ်-၁၄၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

“ကျွန်မ အမေ DBကို မြောင်းမြမြို့အနီး ငါးမြင်းချောင်းမှာ မနေ့က(ဩဂုတ်၁၃) တွေ့ရှိခဲ့ပါတယ်။ မြောင်းမြဆေးရုံကြီးမှာပဲ ခွဲစိတ်စစ်ဆေးပြီး ပုသိမ်မီးသဂြိုလ်စက်မှာ ယနေ့(ဩဂုတ်၁၄)ပဲ သဂြိုလ်လိုက်ပါတယ်ရှင်။ အမှန်တကယ်ပဲ ဘဝတစ်ပါးကူးပြောင်းသွားပြီဖြစ် ကြောင်းအသိပေးချင်ပါတယ်။” လို့ သမီးဖြစ်သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အသက် (၅၆) နှစ်အရွယ် ဒေါ်အေးအေးမြင့်က ဩဂုတ် ၄ရက်မနက်က ပုသိမ်ဈေးကြီးနားမှာ အထည်ဝယ်စရာရှိတယ်ဆိုပြီး ထွက်သွားရာက နေအိမ်ပြန်မရောက်လာခဲ့တာကြောင့် သမီးဖြစ်သူက လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အေးအေးမြင့်က မအူပင်နဲ့ သန်လျင်နည်းပညာတက္ကသိုလ်တွေမှာ ဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့် သူ့ရဲ့ တပည့်တွေကလည်း စိတ်မကောင်းကြောင်း ရေးသားထားကြပါတယ်။

ပြီးခဲ့တဲ့ရက်က ဒေါ်အေးအေးမြင့်‌ ပျောက်ဆုံးချိန်က ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ ခန္ဓာကိုယ်အချိုးအစားတူညီသူကို တွေ့ရှိတယ်လို့ Tik Tok အကောင့်တစ်ခုက တင်ခဲ့ပေမယ့် ကာယကံရှင်တွေ သွားရောက်ရှာဖွေချိန်မှာတော့ မတွေ့ခဲ့ပါဘူး။

သေဆုံးသူဟာ ပြန်ပေးဆွဲပြီး အသတ်ခံရတာ ဟုတ်၊မဟုတ်နဲ့ ဘာကြောင့် သေဆုံးတယ်ဆိုတာ လူထုနွေဦးက မသိရသေးပါဘူး။ ကာယကံရှင် မိသားစုထံကိုလည်း လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

Trending

Facebook