Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ကွမ်းတောရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို စစ်​ကောင်စီတပ် သတ်ဖြတ်

“အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MVRF)
(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MVRF)

​▪️​ကျေးရွာ​ရေရရှိ​ရေးအသုံးပြုထား​သော ဆိုလာပြားများကိုလည်း ဖျက်ဆီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ် ကွမ်းတောရွာတွင် စစ်​ကောင် စီတပ်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာရေရရှိ​စေရန် ကျပ်သိန်း ၅၀ကျော်တန်ဖိုး အသုံးပြုထား​သော ဆိုလာပြားများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ကွမ်းတောရွာတွင် ယမန်နေ့(ဇွန်လ၁၉ရက်)က တပ်စွဲထားသော စစ်​ကောင်စီတပ်သည် ရွာသူ၊ရွာသား ၃၀ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး PDF စခန်းများအား လိုက်ပြခိုင်းကြောင်း၊ ထို့နောက် ဖမ်းဆီးခံထားရသည့် ကျေးရွာပြည်သူများအနက် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MVRF)
(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MVRF)

ယမန်နေ့ကလည်း ကွမ်းတောရွာအရှေ့ဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီး ရေပေးဝေသည့် ဆိုလာပြားများအား ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း နယ်ခံများက ပြောသည်။

“အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဇွန်လ ၁၅ ရက် နှင့် ၁၆ ရက်များက မြိုင်မြို့နယ်​မြောက်ပိုင်းရှိ​ ကျေးရွာနှစ်ရွာမှ ​နေအိမ် ၁၃ဝကျော်ကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာ သုံးရွာမှ ​ဒေသခံပြည်သူလေးဦးကိုလည်း အ​ကြောင်းမဲ့သတ်ဖြတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။