Connect with us

Hi, what are you looking for?

သတင်း

CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်ကြားမှ စစ်သည်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်ကြားမှ စစ်သည်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း
CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်ကြားမှ စစ်သည်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း

ရှေ့တန်းစခန်းများ၌ စစ်သည်များ CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ဗိုလ်ကြီးများက ခြိမ်း ခြောက်နေကြောင်း ဇွန် ၂၁ ရက်တွင် CDM ဝင်ရောက်လာသူ စစ်သည်တစ်ဦးက ပြည်သူ့ပန်းတိုင်သို့ ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ခလရ (၃၃၈) မှ စစ်သည်တစ်ဦး ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေတစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ယမန်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်။

အထက်ပါစခန်းမှ လက်နက်ပြင်စစ်သည်တစ်ဦး CDM ပြုလုပ်ကာ စွန့်ခွာသွားစဉ်တွင် စခန်းတွင်ကျန်ခဲ့သည့် စစ်သည်များအား ထိုသို့ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပစ်သတ်မည်ဟု တပ်ခွဲမှူး ဗိုလ်ကြီး ကိုကိုဝင်းနှင့် ဗိုလ်ကြီးကျော်ဇင်ဦးတို့က ခြိမ်းခြောက်ခဲ့ကြောင်း CDM ဝင်လာသူ စစ်သည်ကပြောသည်။

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။