Connect with us

Hi, what are you looking for?

သတင်း

ပြန်ပေးဆွဲခံရသည့် မောင်တောမှ ဆရာနှင့်ဆရာမ တစ်ပတ်အကြာတွင် ပြန်လည်လွတ်မြောက်လာ

လက်ရှိ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်များအပြင် စစ်ကောင်စီတပ်က ရခိုင်ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရက္ခိုင့်တပ်တော် AAက စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများ အပြန်အလှန်ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြန်ပေးဆွဲခံရသည့် မောင်တောမှ ဆရာနှင့်ဆရာမ
ပြန်ပေးဆွဲခံရသည့် မောင်တောမှ ဆရာနှင့်ဆရာမ

ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျောင်းဆရာနှင့် ဆရာမတို့အား ဖမ်းဆီးထားသူများက တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

မောင်တောမြို့နယ် သင်္ဘောလှရွာမှ ကျောင်းအုပ်ဆရာ ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ဇွန်လ ၁၆ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မည်သည့်အဖွဲ့ကဖမ်းဆီးသည်ကို မသိရသော်လည်း ဖမ်းဆီးထားသူများက ငွေကြေးတောင်းခံခဲ့၍ ၎င်းတို့ တောင်းသည့်ငွေ ပေးလိုက်ခြင်းကြောင့် ပြန်လွတ်လာခြင်းဖြစ်သည်ဟု သိရကြောင်း ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ယ​နေ့ (ဇွန်လ ၂၃ရက်)နံနက်တွင် ပြောသည်။

“အကြမ်းဖက် အဖွဲ့အစည်းတွေက အဲဒီဘက်မှာရှိတဲ့ ရခိုင်ရွာတစ်ရွာကို ပို့ခဲ့တယ်လို့ ကြားတယ်။ ရခိုင်အချင်း ချင်းလက်ဆင့်ကမ်းပြီး ဒီဘက်ပြန်ပို့မှာပေါ့။သတင်းတွေတော့ အဲဒီလိုကြားတယ်။ သူတို့ တောင်းတာလည်း ပေးတာပေါ့။ ဒီဘက်က ပြည်နယ်ပညာရေးမှူးတို့ ပြောထားတာ ရှိတယ်လေ။ သူတို့ ဘက်ကပို့နေတယ်။ ပေးနေပါတယ်လို့။ အပြည့်အစုံတော့မဟုတ်လောက် ဘူးထင်တယ်။ဘယ်လောက်လဲတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု ဖြစ်ရပ်သည် အကြမ်းဖက်အဖွဲ့ကို အလျှော့ပေးလိုက်သည့် အနေအထားဖြစ်ပြီး အစဉ်အလာ တစ်ခုဖြစ်သွားနိုင်သည်ဟု အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်းက ပြောသည်။

” ဘာမှ အကာအကွယ်မရှိတဲ့ ဆရာ၊ဆရာမတွေကို လုပ်တယ်။ ဒီလိုလုပ်ရင် ဒီလို ပိုက်ဆံရတယ်ဆိုတဲ့ အတွေးမျိုး ပေါက်ပြီး ကြာလာရင်နောက်လည်း အဲဒီလို ဖြစ်ဖို့ အားပေးအားမြောက်ပြုသလို ဖြစ်သွားတာပေါ့ ။ဒါပေမဲ့ အကြမ်းဖက် အဖွဲ့အစည်းဆီက ဆရာ၊ဆရာမရဲ့ အသက် ၂ချောင်းကို ကယ်လိုက်နိုင်တာပေါ့။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိဘူး။ အဲဒီနေရာမှာက အဖွဲ့အစည်း ပေါင်းစုံရှိတယ်။ ဒီလုပ်ရပ်မျိုးက အဖွဲ့အစည်းရယ်လို့ မဟုတ်ဘူး လူတစ်စုကလုပ်ရင်လည်းရတာပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်များအပြင် စစ်ကောင်စီတပ်က ရခိုင်ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရက္ခိုင့်တပ်တော် AAက စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများ အပြန်အလှန်ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ARSAအဖွဲ့ဝင်အချို့ကိုဖမ်းမိ၊စစ်တပ်နဲ့ ARSA ပူး​ပေါင်းလှုပ်ရှားမှုအချို့ရှိ​နေ

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။