Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်း KDFတပ်စခန်းကို စစ်ကောင်စီတပ် ဝင်စီးနင်း၊ KDFတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး၊ နှစ်ဦးဖမ်းခံရ

ကျန်နေသည့် ရဲဘော်များအားလုံး လွတ်မြောက်ရာသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က တပ်စခန်းရှိ အဆောက်အဦး နှစ်လုံးကို မီးရှို့သွားပြီးအချို့သောလက်နက်၊ပစ္စည်းများလည်းကိုလည်း KDFတပ်ဖွဲ့မှ လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု ဆိုသည်။

ကျောက်ပန်းတောင်း
ကျောက်ပန်းတောင်း

ကျောင်းပန်းတောင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ (Kyaukpadaung Defence Force)၏ တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ KDF တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရကြောင်း KPG Update News က ဖော်ပြသည်။

KDFတပ်စခန်းသည် ချောက်မြို့နယ် ဆင်ကရွာနှင့် တောင်နောက်ကြား၌ တည်ရှိပြီး ဇွန်လ ၂၃ရက် နံနက် ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များက စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အညာဒေသဖြစ်၍ လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံပစ်ခက်သော်လည်း လက်နက်အင်အားမမျှတသဖြင့် KDF တပ်စခန်းကိုပေးအပ်လိုက်ရသည်။ ထိုဖြစ်စဉ်တွင် KDFတပ်ဖွဲ့၀င် နှစ်ဦးကျဆုံးသွားပြီး ဒဏ်ရာများဖြင့်မပြေးနိုင်သော ရဲဘော် နှစ်ဦးလည်း ထပ်မံဖမ်းဆီးခံရကြောင်း သိရှိရသည်”ဟု KPG Update News က ဖော်ပြသည်။

ကျန်နေသည့် ရဲဘော်များအားလုံး လွတ်မြောက်ရာသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က တပ်စခန်းရှိ အဆောက်အဦး နှစ်လုံးကို မီးရှို့သွားပြီးအချို့သောလက်နက်၊ပစ္စည်းများလည်းကိုလည်း KDFတပ်ဖွဲ့မှ လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး KDF တပ်ဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ