Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ၃နာရီကြာ တိုက်ပွဲပြင်းထန်

ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းမထုတ်ပြန်မချင်း မြို့ပြင်နှင့် မြို့ရှောင်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။

တမူးမြို့
တမူးမြို့

စစ်ကိုင်းတိုင်း တမူးမြို့တွင်းကို ဖြတ်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း PDF တမူး တပ်ရင်း – ၄က ထုတ်ပြန်သည်။

နန်မွန်းတားကျေးရွာမှ တမူးမြို့တွင်းသို့ ဖြတ်လာသည့် စစ်ကောင်စီတပ်များကို PDF တမူး တပ်ရင်း – ၄ နှင့် မဟာမိတ်ဒေသခံကာကွယ်ရေးတပ်များက ယနေ့ ညနေ ၃နာရီမှ ၆နာရီအထိ ၃နာရီကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုများရှိနိုင်ပြီးအတိအကျ စာရင်းမသိနိုင်ကြောင်း PDF တမူးက ဆိုသည်။

ယမန့်နေ့ ပန်းသားရွာတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိသော်လည်း စာရင်းအတိအကျမရနိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းမထုတ်ပြန်မချင်း မြို့ပြင်နှင့် မြို့ရှောင်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။