Connect with us

Hi, what are you looking for?

သတင်း

NUGက ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMKနှင့် NUG-pay မိုဘိုင်းပိုက်ဆံအိတ်ကိုထုတ်​ဝေ​ကြောင်း​ကြေညာ

DMMKကို NUGpay မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သုံးရမည်ဖြစ်သည်DMMKသည် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး NUGpayသည် အဆိုပါငွေကြေးကို ငွေပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေပေးချေရမည့် မိုဘိုင်းငွေပေးချေသောပလက်ဖောင်းနည်းစနစ်ဖြစ်သည်။

NUG-pay
NUG-pay

ဒစ်ဂျစ်တယ်မြန်မာကျပ် -DMMK(Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို တရားဝင်​ငွေ​ကြေးအဖြစ်ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဇွန် ၂၆ ရက်)တွင်ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားသည့် ငွေကြေးစီးဆင်းမှုအပေါ်မှီခိုရမှုကို အဆုံးသတ်ရန်နှင့် စစ်အာဏာရှင် စနစ်အမြစ်ဖြတ် ချေမှုန်းရန် သီးခြားလွတ်လက်သည့် ငွေကြေးလည်ပတ်မှု ယန္တရားတစ်ခု ဖော်ဆောင်ရန်ရည်ရွယ်၍ အထက်ပါငွေကြေးကို တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေခြင်းဖြစ်သည်ဟု​​ကြေညာချက်တွင်​ဖော်ပြထားသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒစ်ဂျစ်တယ်မြန်မာကျပ် -DMMKနှင့် တွဲဖက်အသုံးပြုရမည့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါတည်း ထုတ်ဝေလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုငွေကြေးစနစ်သတ်မှတ်ခြင်းသည် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများအရ ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

“NUGPay ဝန်ဆောင်မှုများကို ရယူနိုင်ရန် အေးဂျင့်မှ တဆင့် Activate လုပ်ရမည် ဖြစ်ပြီး မကြာမီ အချိန်အတွင်းတွင် နိုင်ငံတကာရှိ agent များကိုလည်း ကြေညာသွားမည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် တရားဝင် Agent များ၌သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” ဟု NUGpayကရှင်းပြထားသည်။

DMMKကို NUGpay မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သုံးရမည်ဖြစ်သည်DMMKသည် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး NUGpayသည် အဆိုပါငွေကြေးကို ငွေပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေပေးချေရမည့် မိုဘိုင်းငွေပေးချေသောပလက်ဖောင်းနည်းစနစ်ဖြစ်သည်။

စစ်ကောင်စီက NUGမှ မိုဘိုင်းငွေပေးချေစနစ်ကို ကိုယ်ပိုင်တည်ထောင်မည်ဟု သတင်းများထွက်ပေါ်လာချိန်မှ စတင်ပြီး စစ်ကောင်စီက ခွင့်ပြုထားခြင်းမရှိသည့် မိုဘိုင်းငွေပေးချေမှုများ၊ ဒစ်ဂျစ်တယ်ငွေကြေးများကို ထောင်ဒဏ်နှစ်နှစ်ချနိုင်သည့် ဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။