Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် MNDAA တပ်စခန်းလာတိုက်သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိ

“ကျွန်တော်တို့က ကြိုတင်ဆုတ်ခွာခဲ့တော့ ရန်သူဘက်ရဲ့ ထိခိုက်ကျဆုံးမှု အသေးစိတ် မသိရသေးဘူး အထိအခိုက်တော့ရှိမှာပါ”ဟု MNDAAတပ်ဖွဲ့ဝင်က ပြောသည်။

MNDAA
MNDAA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသည်ဟု MNDAA တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဇွန်လ ၂၆ရက် နေ့လည် ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်တွေက (၁၀၅)မိုင်ကနေ နမ်တောင်ရွာကို ချီတက်လာတယ်။ ချီတက်လာပြီးတော့ နမ်တောင်ရွာ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျွန်တော်တို့ တပ်စခန်းကို သူကထိုးဖောက်လာတယ်။ ထိုးဖောက်လာတော့ ကျွန်တော်တို့တပ်ကလည်း သူတို့ကို သွားရောက်ပြီးတော့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်”ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ တိုက်ပွဲတွင် MNDAA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာမှ ဦးစွာဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က ကြိုတင်ဆုတ်ခွာခဲ့တော့ ရန်သူဘက်ရဲ့ ထိခိုက်ကျဆုံးမှု အသေးစိတ် မသိရသေးဘူး အထိအခိုက်တော့ရှိမှာပါ”ဟု MNDAAတပ်ဖွဲ့ဝင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။