Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်မယ်

ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

ဝမ်ယိ
ဝမ်ယိ

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပစ်ပယ်မှုကြောင့် အထီးကျန်နေတဲ့ စစ်ကောင်စီထံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အခုသီတင်းပတ်အကုန်မှာ လာရောက်မယ်လို့ သိရပါတယ်။

ဝမ်ယိဟာ လဲချန်း − မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောထားပါတယ်။

ခရီးစဉ်အတွင်းမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ရှိ မရှိကိုတော့ မသေချာသေးကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဖြေထားပါတယ်။

ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ စစ်တပ်အာဏာသိမ်းမှု ကို ရှုတ်ချမှုမရှိသလို စစ်အုပ်စုအတွက် အဓိကကျတဲ့လက်နက်ထောက်ပံ့နေတဲ့မဟာမိတ်နိုင်ငံလည်းဖြစ်နေပါတယ်။

လဲချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၂ ရက်မှာစတင်ကျင်းပမှာဖြစ်ပြီး ကမ္ဘောဒီးယား၊လာအို၊ထိုင်း ၊ဗီယက်နမ်နဲ့ မြန်မာတို့ တက်ရောက်ကြမှာပါ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook