Connect with us

Hi, what are you looking for?

သတင်း

တိုင်းပြည်အာဏာလူထုထံပြန်အပ်ဖို့ တွန်းအားပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော၊ အတိုက်အခံနဲ့ဆွေးနွေးဖို့လည်းစစ်ကောင်စီကို တရုတ်တိုက်တွန်း

မနေ့က ဇူလိုင်လ ၃ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ထည့်သွင်းပြောခဲ့တာလို့ ရန်ကုန်မြို့ မှာရှိတဲ့တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်ပြီးတိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်အပ်ဖို့ အာဆီယံနဲ့အတူ တွန်းအားပေးမယ်လို့ ပုဂံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောလိုက်ပါတယ်။

မနေ့က ဇူလိုင်လ ၃ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ထည့်သွင်းပြောခဲ့တာလို့ ရန်ကုန်မြို့ မှာရှိတဲ့တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန် စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့မျှော်လင့်ချက် ၃ ချက်ကို ပြောပြခဲ့တယ်လို့သိရပါတယ်။

အဲဒီအချက်တွေဟာ အခြေခံဥပဒေအောက်ကနေ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး တွန်းအားပေးဖို့ ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို လူထုထံပြန်အပ်ဖို့ ၊ အာဆီယံက အာဆီယံ နည်းလမ်းအတိုင်း ပြည်တွင်းရေးကိုဝင်မစွတ်ဖက်ဘဲ ပေါင်းစပ်ညှိနှိုင်းရေး မူနဲ့မြန်မာ့အရေးကို စိတ်ရှည်ရှည်ဖြေရှင်းဖို့ တို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ မျှော်လင့်ချက် ၃ ချက်ထဲမှာ စစ်တပ်အသာစီးရယူထားတဲ့ အခြေခံဥပဒေအောက်ကနေ မြန်မာ့အရေးကိုအဖြေရှာဖို့ အချက်ကိုတွေ့ရပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုရဲ့ အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအခြေခံဥပဒေတစ်ရပ်အသစ်ဆွဲဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေကိုစုဖွဲ့ထားတဲ့ လန်ချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ဥက္ကဋ္ဌအနေနဲ့ ပုဂံမှာကျင်းပဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတာပါ။

ခရီးစဉ်အတွင်းမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ AFP သတင်းဌာနရဲ့ဖော်ပြချက်အရ အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook