Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာပဲ စစ်ကောင်စီဆက်လက်ထားရှိ၊ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲထားတဲ့အမှုအတွက် ထောင်တွင်းတရားရုံးမှာ ဒီနေ့ ရုံးထုတ်

အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ကနေ ရန်ကုန်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းဟာမမှန်ကြောင်းနဲ့ ဒီနေ့ နေပြည်တော်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကိုပြောင်းရွှေ့လိုက်ပြီလို့ ဒီနေ့မနက်မှာ သတင်းတွေထွက်လာတာပါ။

ဒီသတင်းဟာမမှန်ကန်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်အချုပ်ထောင်မှာပဲ ဆက်လက်ရှိနေဆဲဖြစ်ကာ ဒီနေ့ ထောင်တွင်းတရားရုံးမှာ အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲတဲ့အမှုအတွက် တရားခွင်ကိုလာရောက်ခဲ့တယ်လို့ နေပြည်တော်တရားရုံးအသိုင်းအဝိုင်းအတည်ပြုပါတယ်။

ရန်ကုန်မြို့က တက္ကသိုလ် ရိပ်သာလမ်းနေအိမ်ရှေ့မှာလည်း ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။

ဒီလုပ်ရပ်ကို နိုင်ငံတကာက ရှုတ်ချခဲ့ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီထံစာရေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်ကို စစ်ကောင်စီဟာ ငြင်းပယ်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။