Connect with us

Hi, what are you looking for?

သတင်း

ချင်း – မကွေးနယ်စပ် မင်းတပ်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၊ မင်းတပ်ကိုဦးတည်ပြီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေ

ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် မပေါက်ကွဲသေးသော ဗုံးများကို ပြည်သူံကာကွယ်ရေးရဲဘော်များက တစစီဖြုတ်ချ ရှင်းလင်းနေစဥ်၊ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် မပေါက်ကွဲသေးသော ဗုံးများကို ပြည်သူံကာကွယ်ရေးရဲဘော်များက တစစီဖြုတ်ချ ရှင်းလင်းနေစဥ်၊ ဓာတ်ပုံ - Hkl-Mindat)

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၄) တပ် သည် ယမန်နေ့ ညပိုင်းကလက်နက်ကြီးများ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်နေကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ရက် ည ၈နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ၁၁ချက်ပစ်ခတ်ရာ ဘောင်ထဲကျေးရွာနှင့် အနီးတဝိုက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့်ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လကလည်း ထီးလင်းမြို့နယ်မှ မင်းတပ်မြို့သို့ ဝင်ရောက်၍ စစ်ကြောင်းထိုးခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်၏ ခလရ (၂၇၄)တပ်က လက်နက်ကြီး ရမ်းပစ်၍ ဒေသခံကလေးငယ်တစ်ဦး အသက်ဆုံးရှုံးရသည်။ ထို့ပြင် စစ်ကောင်စီတပ်က မင်းတပ်နယ်ရှိ ရွာအချို့ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော်အချို့ကျဆုံးပြီး ဒေသခံ ပြည်သူများနှင့် ရဲဘော်များစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။