Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ စစ်တပ် ဗုံးကြဲလို့ တပတ်ခန့်အတွင်း နေအိမ် ၃၀ ခန့် ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

(မင်းတပ်မြို့ပေါ်က နေအိမ်ကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Ĥkl Mindat)

အောက်တိုဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၂၄ရက်ကနေ အောက်တိုဘာ ၂၉ရက် ညပိုင်းအထိ စစ်တပ်က မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ဒေသခံက ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုနေ့အလိုက် ပြုစုအသိပေးထားတာပါ။

မြို့ပေါ်မှာ တိုက်ပွဲမရှိ၊ ပြည်သူလူထုနေထိုင်ခြင်းမရှိဘဲ စစ်တပ်က နေအိမ်တွေကို အကြောင်းမဲ့ ဗုံးကြဲဖျက်ဆီးနေတာလို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၉ရက် ည ၇နာရီခန့် လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ် ၃လုံး၊ ညနေပိုင်း တိုက်ခိုက်မှုမှာ နေအိမ် ၈လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၅ရက် စစ်တပ်လေကြောင်း တိုက်ခိုက်မှုမှာ နေအိမ် ၇လုံးထက်မနည်း ပျက်စီးခဲ့သလို အောက်တိုဘာ ၂၄ရက် တိုက်ခိုက်မှုမှာလည်း ပြည်သူ့နေအိမ် ၁၀လုံးကျော် ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ထိခိုက်ပျက်စီးခဲ့တာတွေထဲမှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံအချို့လည်း ပါဝင်ကြောင်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်အပါအဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တွေ ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိရာ မင်းတပ်မြို့နယ်နဲ့ ကျောက်ထုမြို့အကြားမှာလည်း တိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးအပါအဝင် စစ်မျက်နှာ ၄ ခုလောက်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေရှိနေပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း CPU/CPA က အသိပေးပါတယ်။ တိုက်ပွဲမှာ စစ်တပ်က သေဆုံးထိခိုက်မှုတွေရှိသလို ချင်းရဲဘော်အချို့လည်း ကျဆုံးထိခိုက်တာတွေရှိပါတယ်။

ချင်းတောင်ပိုင်းတိုက်ပွဲဟာ ကာလရှည်ကြာနိုင်တာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးဘက်မှာ ၀ိုင်းဝန်းပူးပေါင်းပါဝင်ပေးကြဖို့ ချင်းတပ် CPU/CPAက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။