Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်း – မကွေးနယ်စပ် မင်းတပ်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၊ မင်းတပ်ကိုဦးတည်ပြီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေ

ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် မပေါက်ကွဲသေးသော ဗုံးများကို ပြည်သူံကာကွယ်ရေးရဲဘော်များက တစစီဖြုတ်ချ ရှင်းလင်းနေစဥ်၊ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် မပေါက်ကွဲသေးသော ဗုံးများကို ပြည်သူံကာကွယ်ရေးရဲဘော်များက တစစီဖြုတ်ချ ရှင်းလင်းနေစဥ်၊ ဓာတ်ပုံ - Hkl-Mindat)

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၄) တပ် သည် ယမန်နေ့ ညပိုင်းကလက်နက်ကြီးများ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်နေကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ရက် ည ၈နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ၁၁ချက်ပစ်ခတ်ရာ ဘောင်ထဲကျေးရွာနှင့် အနီးတဝိုက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့်ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လကလည်း ထီးလင်းမြို့နယ်မှ မင်းတပ်မြို့သို့ ဝင်ရောက်၍ စစ်ကြောင်းထိုးခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်၏ ခလရ (၂၇၄)တပ်က လက်နက်ကြီး ရမ်းပစ်၍ ဒေသခံကလေးငယ်တစ်ဦး အသက်ဆုံးရှုံးရသည်။ ထို့ပြင် စစ်ကောင်စီတပ်က မင်းတပ်နယ်ရှိ ရွာအချို့ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော်အချို့ကျဆုံးပြီး ဒေသခံ ပြည်သူများနှင့် ရဲဘော်များစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။